Unicode
အပိုင်း - ၇၉
ဝမ်ကျားနင် နောက်တစ်နေ့ အချိန်ရအောင်ရှာပြီး လိန်ရှင်းသို့ သွားလိုက်သည်။
ဝိန်ထင်းဟွမ်က ဝမ်ကျားနင်နှင့်အတူ လိုက်လာရင်း ကော်ရစ်ဒါတစ်လျှောက် သူမ၏ ဒေါက်ဖိနပ်သံ တခွပ်ခွပ်မြည်နေလျက်။
လမ်းတစ်ဝက်တွင် အခန်းတစ်ခုမှ ထွက်လာသော ကျန်းယုံဖေးကို တွေ့ရသည်။ သူမ၏ အနောက်တွင် လူ ၇ ယောက် ၈ ယောက်လောက် လိုက်လာပြီး ထိုအထဲမှတစ်ဦးက ကျူးဇယ်ရှင်း။
ဝမ်ကျားနင် ဝိန်ထင်းဟွမ်ကို ခပ်တိုးတိုး မေးလိုက်သည်။
“အခု ကျူးဇယ်ရှင်းက ကျန်းယုံဖေးနောက်လိုက် ဖြစ်နေပြီလား”
ဝိန်ထင်းဟွမ်က ကျန်းယုံဖေးကို မနှစ်မြို့သလို ကြည့်လိုက်ပြီး လေသံတိုးတိုးနှင့်
“ဟုတ်တယ်၊ ကျူးဇယ်ရှင်းက ဘုရင်မရဲ့ နောက်လိုက်ခွေးလေး လုပ်နေတာ”
ကျန်းယုံဖေးက သဟဇာတဖြစ်အောင် ဘယ်လိုပဲ နေပါစေ ဝိန်ထင်းဟွမ်က သူမကို အမြင်မကြည်ပေ။ နောက်ကွယ်မှာ ကျန်းယုံဖေးကို ဘုရင်မ ဟု ဘယ်အချိန်ကစပြီး ခေါ်နေသလဲ မသိပါ။
လိန်ရှင်း စတင်တည်ထောင်ကတည်းက ကျန်းယုံဖေးကို လိန်ရှင်း၏ဘုရင်မဟူ၍ လူတိုင်း လက်ခံထားကြတာဖြစ်သည်။
ဒါပေမယ့် အခုတော့...
ဝိန်ထင်းဟွမ်က ဝမ်ကျားနင်၏ရင်ဘတ်ကို ပုတ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“မင်းက အခု new queen ဖြစ်တော့မှာ၊ လာပါ! ကျန်းယုံဖေးကို သူ့နေရာမှန် ပြန်ထားလိုက်ကြစို့!”
ဝမ်ကျားနင် တီးတိုးရေရွတ်လိုက်ရ၏။
“မဟုတ်တာတွေ မပြောနဲ့တော့”
ထိုသို့ဆိုပြီးသည်နှင့် သူ ပြုံးလျက် ကျန်းယုံဖေးအား နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အစ်မဖေး”
ကျန်းယုံဖေးက အမြဲလိုလို ဝမ်ကျားနင်နှင့် အခြားသူများအပေါ် ယဉ်ယဉ်ကျေးကျေးဆက်ဆံလေ့ရှိသော်လည်း အပေါ်ယံသာ။ အခုလည်း သူမက ဝမ်ကျားနင်ဆီ ရင်းနှီးချစ်ခင်စွာ ချဉ်းကပ်လာသည်မှာ မသိလျှင် နှစ်ဦးသား အလွန် ရင်းနှီးကြသည့်အလား။
YOU ARE READING
ပြီးပြည့်စုံခြင်း [COMPLETED]
Romance~ ရုပ်ရှင်လောက၊ ခန္ဓာကူးပြောင်းခြင်း ~ Start Date - 12.3.2022 End Date - 24.4.2024