ep 1

1.1K 37 0
                                    

jungkook. jeon jungkook ထစမ်း

အရည်သွေးမြင့်မားကောင်းမွန်လွန်းတဲ့ ကျွန်းသစ်ကို ပန်းပုလက်ရာတွေနဲ့လှပစွာပုံဖော်ထားပြီး ပေါ်လစ်ရှ်ကိုပြောင်နေအောင်တိုက်ထားတဲ့ကုတင်ထက်က king size bed မွေ့ယာကြီးပေါ်ဝယ် အပေါ်ပိုင်း ခန္ဓာကိုယ်ဗလာကျင်းနဲ့ မီးခိုးရောင် ကတီပါသား အကောင်းစားညအိပ်ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် ဟာ ကုတင်ဘေးက ချစ်လှစွာသော ဖခမည်းတော် ၏သာယာနာပျော်ဖွယ် အော်နှိုးသံကြောင့် ရှုံ့တွရင်းနိုးလာရသည်

jk: ဘာဖြစ်ရပြန်တာလဲ appa ရာ သားကိုအေးဆေးအိပ်မို့ပေးစမ်းပါဗျာ

mr jeon: ဟေ့ရောင် ဘယ်အချိန်ရှိနေပြီလဲ အချိန်ကိုလဲ ပြန်ကြည့်အုံးကွ ၁၀ နာရိီကျော်နေပြီ မင်းရဲ့တက္ကသိုလ်က ကျောင်းအုပ်ကဖုန်းဆက်နေတယ် ဒီနေ့ပညာရေးဝန်ကြီးရဲ့လက်ထောက်က စစ်ဆေး ရေးလာမှာမို့ကျောင်းကို လာပေးပါတဲ့ နေ့လည်ခင်း မတိုင်ခင်အရောက်လာခဲ့ပါတဲ့

jk: ဟာဗျာ ရှုပ်လိုက်တာ appa ကလဲ အချိန်တန်ရင် ကုမ္ပဏီက သားကိုလွှဲပေးမှာဘဲဟာကိုဘာလို့အဲ့ကျောင်းကို ဆက်တတ်ခိုင်းနေတာလဲဗျာ သားစိတ်ကုန်လာပြီ

ကုတင်ပေါ်ထိုင်ကာ အိပ်ချင်မူးတူးနဲ့ ငြီးငြူနေတဲ့သားဖြစ်သူကိုကြည့်ပြီး ဂျွန်ဂျောင်ဟို တစ်ယောက် သက်ပြင်းချမိသည်သားဘေးကကုတင်ပေါ်ဝင်ထိုင်လိုက်ရင်း သားပုခုံးကိုဖတ်လိုက်ကာ သားကလောကကြီးကိုလွယ်လွယ်လေး တွေးထားတာဘဲ လောကကြီးကသိပ်မာယာများတယ်သားရဲ့ အက်လိုမာယာများတဲ့လောကကြီးထဲမှာ appa ရဲ့သားလေးကို appa ကဘယ်လိုအခက်ခဲ နဲ့ ကြုံလာကြုံလာ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လူတော်တစ်ယောက်အနေနဲ့ရှိစေချင်တာ appa မရှိတော့ရင်အရာရာကိုလက်မြှောက်အရှုံးပေးရမဲ့ လူညံံ့တစ်ယောက်အဖြစ်မကျန်ခဲ့စေချင်ဘူးသားရယ်

appa ကငယ်သေးလို့သားကိုခွဲသွားလို့မရဘူးလို့ မင်းမတွေးနဲ့နော် သေချင်းတရားဆိုတာ လူတိုင်းအပေါ် မျက်စိတစ်မှိတ်အတွင်းသက်ရောက်နိုင်တယ် မင်းအမေကိုဘဲကြည့်လေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ

Him Or Her(Completed)Where stories live. Discover now