at kim house
ရပ်ကွပ်လေးတစ်ခုထဲက ခြံဝန်းအသေးလေးနဲ့နှစ်ထပ်အိမ်လေးထဲဝယ် mrs kim တစ်ယောက်ကတော့ သားသမီးတွေအတွက် နေ့လည်စာချက်ပြုတ်ရင်းအလုပ်ရှုပ်နေလေရဲ့
သူမမွာ အမွှာသားလေးနဲ့သမီးလေးတစ်ယောက်ရှိပြီး ကလေးတွေအဖေကတော့ ကလေးတွေ အသက် ၈ နှစ်လောက်ထဲက ကွယ်လွန်သွားတာမို့ သူမကဘဲ ကလေးနှစ်ယောက်ကို ဖအေလိုတစ်မျိူးမအေလိုတစ်မျိုး ပြုစုပျိူးထောင်ခဲ့ရတာလေ အိမ်ရဲ့စားဝတ်နေရေးအတွက်လဲ သူမကကြုံရာအလုပ်ပေါင်းစုံကို လုပ်ကိုင်ပြီး သားနဲ့သမီးကိုမျက်နှာမငယ်အောင်ထားခဲ့ရတာ
သားငယ်လေးက ပညာလဲတော်သလိုအမေအပေါ်လဲအရမ်းသိတတ်ပြီး လိမ္မာရေးခြားရှိသလောက် သမီးလေးကတော့နည်းနည်းဆိုးရှာသည် ပညာရေးကိုလဲသိပ်စိတ်မဝင်စားဘဲ ကျောင်းကိုလဲအထက်တန်းတတ်ပြီးထဲက နားလိုက္ကာ သူဝါသနာပါတဲ့ မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်မို့အတွက် သင်တန်းတွေလျှောက်တတ်သည်
သားငယ်အပေါ်ကိုလဲ အလွန်နိုင်စားရှာသည် သားလေးကလဲသူ့အမခိုင်းတာအကုန်လုပ်ပေးရှာတော့ သူကပိုလို့တောင်အနိုင်ယူသေး ဟူး သမီးသာမိဘအပေါ်သိတတ်နားလည်ပြီး လိမ္မာရင်အရမ်းကောင်းမှာဘဲကွယ်
taeyoon: အေမေရ အေမ မနက်စာပြင်ပြီးပြီလား
သူ့အကြောင်းတွေးနေတုံးရှိသေး အိမ်ပေါ်ထက်ကနေ ဆင်းလာတဲ့သမီးဖြစ်သူကြောင့် mrs kim လဲ အဆင်သင့်ပြင်ထားတဲ့မနက်စာလေးကို သမီးအတွက်ပြန်နွှေးပေးကာ စာပွဲဝိုင်းမှာချပေးလိုက်သည်
သားငယ်ကတော့မနက်စောစောထဲကထကာ ကျောင်းသွားရှာပြီလေ သမီးဖြစ်သူကတော့အခုမှ ထလာတာကြောင့်မနက်စာတွေပင်အေးကုန်ပြီး.
taeyoon: omma သမီးဒီနေ့ ပရိုကျူဆာ တစ်ယောက်နဲ့ တွေ့မို့ချိန်းထားတယ်သိလား အဲ့အလုပ်သာအဆင်ပြေရင် သမီးဘဝအတွက်တတ်လမ်းတွေ အများကြီးရှိလာမှာ
mrs kim: ဟုတ္လား ကောင်းတာပေါ့သမီးရယ်
သူမလဲ အလိုက်သင့်သာပြန်ဖြေကာ သမီးစိတ်ချမ်းသာအောင်သာပြောပေးလိုက်တော့သည် တကယ်ဆိုသမီးလေးကို ဒီအလုပ်ကြီးမလုပ်စေချင်ပါအနုပညာသမားတွေဆိုတာ လိုချင်တာရှိရင်ပေးဆပ်ရတာလဲရှိတယ်လေ
YOU ARE READING
Him Or Her(Completed)
RomanceJk: ငါချစ်တာ မင်းမဟုတ်ဘူး ငါချစ်တာ သူမ kim taeyoon: ကင်မ်ထယ် ယွန်းရဲ့ဘဝမှာ လိုချင်တာအားလုံးဖြည့်စည်းပေးနိုင်မဲ့လူဘဲ လိုတယ် အရေမရ အဖတ်မရ အချစ်တွေမလိုအပ်ဘူး kim taehyung: ကျွန်တော်သူ့ကို သိပ်ချစ်တယ် ဒါပေမဲ့ သူက ကျွန်တော့်အမကိုချစ်တယ်