ep 34

809 35 10
                                    

  jungkook နဲ့ jimin တို့ဒီနေ့ဒယ်ဂူးကိုအတူရောက်လာခဲ့ကြသည်  ဒယ်ဂူးမြို့ပေါ်မဟုတ်ဘဲ ကျေးလက်ဘက်ကျတဲ့ jimin တို့ရဲ့ခြံက မြို့ပေါ်နဲ့ဆို နာရီဝက်လောက်ကွာဝေးသေးသည်


     jimin တို့ရဲ့ဘိုးဘွားပိုင်ခြံကိုရောက်တော့ ထိုနေရာလေးတွေဟာအလွန်ကိုအေးခြမ်းလွန်းလှသည် စိုက်ပျိုးရေးခြံလို့မပြောရ ရူရှိုက်ရတဲ့လေထုကအစ လူကိုအေးမြလမ်းစမ်းစေသည်  ဒီအေးချမ်းမှုလေးကြောင့် ဂျောင်ဂု အမြဲတမ်းအေးအေးချမ်းချမ်းလေးနေတတ်တဲ့ကောင်လေးကိုသတိရမိသည်

    ထယ်သာဆိုရင် ဒီနေရာလေးကိုသိပ်သဘောကြမှာ ထယ်သာအနားမှာရှိနေရင် ကိုယ်သေချာပေါက်ထယ့်ကို ဒီနေရာကိုခေါ်လာပြမှာ



         ခြံထဲမှာအစောင့်ထားထားတဲ့ ဦးလေးကြီးတို့လင်မယားက jimin ကိုလဲတွေ့ရောအပြေးထွက်လာကြကာ ခရီးဦးကြိုပြုကြလေရဲ့  စိုက်ခင်းထဲမှာ အနားယူမို့အတွက်ထိုးထားတဲ့ တဲအိမ်အသေးလေးထဲခေါ်သွားတော့ ကျွန်တော်နဲ့ jimin ဒို့လဲအတူလိုက်သွားကာ ထိုနေရာမှာ အမောဖြေထိုင်ကြသည်


jm: ဦးလေးကြီးတို့နေရတာအဆင်မှပြေကြရဲ့လား

ajs: အေးပြေပါတယ်လူလေးရယ် လူလေူးတို့ကော ဟိုမှာနေရအဆင်ပြေကြရဲ့လား လူလေးအဖေတို့အမေတို့ကော နေကောင်းကြရဲ့လားကွဲ့ 


jm: ဟုတ်ကဲ့ အားလုံးနေကောင်းကြပါတယ်ဗျ

ajs : ကယ်မိန်းမရေ ကလေးတွေစားမို့စတော်ဘယ်ရီနဲ့ ဖျော်ရည်လုပ်မို့ လိမ္မော်သီးလေးနဲနဲသွားခူးခဲ့ပါအုံး


ajm: ဟုတ်ကဲ့အကို သားတို့ခဏထိုင်ကြအုံးနော်


jk & jm: ဟုတ်ကဲ့အန်တီ


         jimin က ဦးလေးကြီးနဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတာမို့ jungkook လဲ jimin ကိုပြောကာ ခြံထဲလျှောက်ကြည့်ရန်ထွက်လာခဲ့လိုက်သည်


     ခြံကြီးကအတော်တော့ကျယ်သားဘဲ ပြီးတော့အသီးနှံမျိုးစုံလဲစိုက်ထားတာ တော်တော်တော့မိုက်တယ် ဗျာ 



     jungkook ဟိုဟိုဒီဒီလျှောက်ကြည့်နေတုံး သူနဲ့မလှမ်းမကမ်းလေးမှာ အလုပ်သမားအုပ်စုတစ်စုထင်ပါရဲ့ ခမောက်လေးတွေစောင်းပြီး  မှည့်နေပြီဖြစ်တဲ့စတော်ဘယ်ရီသီးတွေကိုခူးနေကြတာ



Him Or Her(Completed)Where stories live. Discover now