ep 36

774 30 11
                                    

jk:  အန်တီရေ   အန်တိီ ဒိမှာဘယ်သူပါလာလဲ ထွက်ကြည့်ပါအုံးဗျ


     mrs kim တစ်ယောက် မီးဖိုခန်းထဲထမင်းဟင်းတွေချက်နေတုံး အပြင်ကနေ ဂျောင်ဂုရဲ့အသံကြားရတာကြောင့် မီးဖိုပိတ်ပြီး အပြင်ထွက်ရန်ပြင်ရသည် ဒီကောင်လေးဘာများဖြစ်လို့ ဒီလောက်တောင်အော်ခေါ်နေရတာတုံး

     သားကောသမီးကော သူမအနားကနေထွက်သွားပြီးနောက်မှာ တစ်ယောက်ထဲဖြစ်နေတဲ့သူမကို ဂျောင်ဂုလေးက သေချာဂရုစိုက်ပေးခဲ့ရှာသည် ကုမ္ပဏီ အလုပ်တွေနဲ့မအားရတဲ့ကြားထဲ သူမကိုအချိန်ရရင်ရတိူင်း လိုအပ်တဲ့အိမ်သုံးပစ္စည်းတွေနဲ့စားစရာတွေဝယ်လာပေးတတ်တဲ့ကောင်လေးက သူမကိုအရင်ကထပ်ပိုပြီး ခင်တွယ်လာရှာသည်

   ထယ်လေးကတကယ်ကံကောင်းရှာပါတယ် ဂျောင်ဂုလိုခလေးမျိုးကို ရထားတာ သားထယ်လေးအတွက် omma တကယ်ဝမ်းသာတယ်ကလေးရယ် ဘားလေးကဂျောင်ဂုကိုအထင်လွဲနေတာပါ သားတို့ကြားအမြန်ဆုံးပြန်အဆင်ပြေမို့ omma တကယ်ဆုတောင်းတယ်ကွယ် 


    သူမဂျောင်ဂုနဲ့ထယ်လေးအကြောင်းတွေးရင်းမီးဖိုထဲကထွက်လာပြီး ဧည့်ခန်းထဲရောက်တော့ သူမရဲ့မျက်လုံးတွေပြူးကျယ်သွားရတော့သည်  ဧည့်ခန်းထဲမှာထိုင်နေတာက သူမရဲ့သားလေး ထယ်ယောင်းမို့လား ဗိုက်ကလေးလဲပူလို့ သားရယ် omma သတိရနေခဲ့တာ တကယ်ကိုဘယ်တွေရောက်နေခဲ့တာလဲ 


tae: omma

   သူမကိုလှမ်းခေါ်တဲ့သားလေးကြောင့် သားအနားသွားကာ သားထယ်ကိုဖတ်ထားလိုက်သည်

m: လူဆိုးလေး  omma ကိုထားပြီး ထွက်သွားတယ် omma တကယ်စိတ်စိုးတယ်သိလား


tae: သားနောက်ကိုဘယ်တော့မှ omma ကိုထားပြီးထွက်မသွားတော့ဘူးနော် ကတိပေးပါတယ် omma


m: အေးပါကွယ်   အေးပါ   ဒါနဲ့သား ကိုယ်ဝန်ကဘယ်နှလရပြီလဲ


tae: ဟီး ၆ လကျော်ပြီ omma.  မားတော့မြေးထိန်းမို့ပြင်ထားပေတော့ တစ်ယောက်ထဲမဟုတ်ဘူးနော် မြေးနှစ်ယောက်ထိန်းရမှာ omma

m: ဟေ ဟုတ်လား  ဒါဆိုသားဗိုက်ထဲမှာ မြေးအမွှာလေးတွေပေါ့


Him Or Her(Completed)Where stories live. Discover now