ep 22

679 31 14
                                    

at jeon house


                   omma နဲ့ဂျောင်ဂုထွက်သွားပြီး သိပ်မကြာလိုက် appa သူငယ်ချင်းတွေက appa ကို အရက်သောက်ရန် စောင့်နေကြတာမို့ appa လဲ နမ်ဂျွန်းဟျောင်းကို ခေါ်ကာ ခြံထဲမှာ လူကြီးတွေအတူအရက်ထိုင်သောက်နေကြသည် အိမ်ပေါ်မှာတော့ ထယ်ယောင်းနဲ့ မမသာရှိတော့တာပေါ့

      ထယ်ယောင်းလဲ ဂျောင်ဂုကိုစောင့်ရင်းပျင်းလာတာမို့ အခန်းထဲမှာခြေလက်ဆေးပြီး အဝတ်စားလဲရန်တတ်လာလိုက်သည်

     ​လှေကားထိပ်ရောက်တော့ အိမ်ပေါ်က ပြန်ဆင်းလာတဲ့မမနဲ့တိုးလေရဲ့

ty: omma တို့ပြန်သွားပြီလားယောင်း

tae: ဟုတ်ပြန်သွားပြီမမ ဂျောင်ဂုပြန်လိုက်ပို့ပေးနေတယ် appa နဲ့ hyung ကတော့ ခြံထဲမှာမမ

ty: omm. ငါဦးဆီသွားလိုက်အူံးမယ်

   အောက်ဆင်းသွားရန်ပြင်နေတဲ့မမကို ထယ်လှမ်းဆွဲလိုက်ကာ

tae: မမ ထယ်တို့စကားခဏလောက်ပြောကြရအောင်

ty: ဘာလဲပြောလေ

tae: ဟို  မမအခု jeon appa နဲ့ တရားဝင်လက်ထပ်ပြီးပြီဆိုတော့ အရင်ကလို ရှုပ်တာပွေတာတွေမလုပ်ပါနဲ့တော့နော်  jeon appa ကလေ တကယ်က်ိုကောင်းတဲ့လူပါ မမကိုလဲအရမ်းချစ်တာပါ အဲ့ဒါကြောင့် မမက appa အပေါ်သစ္စာဖောက်တာမျိုးတွေမလုပ်ပါနဲ့နော်

ty: ဟဲ့ ငါနင့်ထက်အကြီးပါ နင်ငါ့ကိုဘားမှလာသင်ပြနေစရာမလိုဘူး ပြီးတော့နင်ဒီအိမ်ကိုရောက်ပြီး ဒီလူတွေနဲ့သိတာ ၆ လလောက်ဘဲရှိသေးတာ နင့်ထက်အရင်ငါသူတို့နဲ့ပတ်သတ်ခဲ့တာ သူတို့ဘယ်လိုလူလဲဆိုတာလဲ ငါသိတယ် သူတို့ကိုဘယ်လိုချုပ်ကိုင်ရမလဲဆိုတာလဲ ငါသိတယ် နင်ဘားမှဆရာဝင်လုပ်စရာမလိုဘူး  ကိုယ့်နေရာနဲ့ကိုယ်နေ ကြားလား



tae: ထယ်ကဆရာလုပ်တာမဟုတ်ပါဘူး မမရဲ့ ဒါပေမဲ့ဝင်မပါလို့တော့မရဘူးမမ. မမကသူတို့နဲ့အရင်သိတဲ့လူဆိုပေမဲ့ ဒီမိသားစုထဲကိုအရင်ဆုံးစဝင်လာတဲ့သူက ထယ်ပါ  ဒါကြောင့် ဒီမိသားစုအရေးနဲ့ပတ်သတ်လာရင် ထယ်ခေါင်းရှောင်နေမှာမဟုတ်ဘူး ဒီမိသားစုကိုကာကွယ်မို့တာဝန်က ထယ့်မှာလဲအပြည့်ရှိတယ် ဒါကြောင့် အရင်အကြောင်းတွေက်ို ပြန်မပြောခဲ့ရင်တောင် နောင်တစ်ချိန်မှာ ရှုပ်လာမဲ့ကိစ္စတွေကိုတော့ ထယ်ငြိမ်ခံနေမှာမဟုတ်ဘူး မမ

Him Or Her(Completed)Where stories live. Discover now