ထိုနေ့ကထယ်ယောင်းထွက်သွားတာကို cctv ကနေကြည့်ပြီး ဂျောင်ဂုကနည်းမျိုးစုံနဲ့ဆက်သွယ်ပေမဲ့ထယ်ယောင်းကိုဘယ်လိုမှဆက်သွယ်လို့မရတော့ပေ ဘာကြောင့်ထွက်သွားတာလဲဆိုတဲ့အကြောင်းပြချက်ကိုလဲသူအရမ်းသိချင်နေမိသည်
ဆေးရုံမှာနှစ်ရက်လောက်နေပြီး ဒဏ်ရာတွေသက်သာတာနဲ့ ဂျောင်ဂုလဲ ဆေးရုံကနေဆင်းကာ ထယ်ယောင်းရဲ့သူငယ်ချင်းအိမ်တွေ ကျောင်းတွေထယ်ယောင်းသွားလေ့ရှိတဲ့နေရာတွေကိုအနှံ့လိုက်ရှာမိသည်
ပုန်းတဲ့လူက အပုန်းတော်လွန်းနေသလား ရှာတဲ့လူကဘဲအရှာညံ့ခဲ့လေသလား ဝေခွဲရခက်လှသည် ထယ်ယောင်းရေဘယ်တွေရောက်ပြီး ဘာတွေလုပ်နေတာလဲကွာ ပြီးတော့ဘယ်သူနဲ့ရှိနေတာလဲ မဟုတ်မှ မဟုတ်မှလွဲရော ထယ်ယောင်းကသူ့ရဲ့ crush ဆိုတဲ့ကောင်နဲ့အဆင်ပြေလို့များ ထွက်သွားတာလား အဲ့ကောင်နောက်ကိုများလိုက်သွားတာလားယောင်းရယ်
အဲ့လိုသွားမယ်ဆိုရင်တောင် ကိုယ်မင်းကိုသစ္စာဖောက်ဆိုပြီးအပစ်တင်မှာမဟုတ်ပါဘူး ကိုယ့်ထက်ချစ်ရမဲ့လူမင်းမှာရှိလာခဲ့ပြီဆိုရင်တောင် အဲ့လူနဲ့မင်းပျော်နေတယ်ဆိုရင်ကိုယ်ကြေကြေနပ်နပ်ကြီးလက်ခံပေးမှာပါ အခုတော့မင်းဘယ်သူနဲ့ ဘယ်လိုအခြေနေမျာရှိနေမလဲ ဘေးကင်းရဲ့လားပျော်ရွှင်နေရဲ့လားမသိနိုင်ဘဲနဲ့တော့ ကိုယ်စိတ်မအေးနိုင်ဘူးကွာ
ဂျောင်ဂုကော်ဖီဆိုင်မှာကော်ဖီသောက်ရင်း ထယ့်အကြောင်းတွေးနေခိုက် သူ့ဖုန်းထဲကို ဖုန်းဝင်လာတာမို့ ထယ်ယောင်းများဖြစ်နေမလားဆိုတဲ့အတွေးနဲ့ကောက်ကိုင်လိုက်ပေမဲ့ ခေါ်ဆိုသူဟာ ထယ်ယောင်းရဲ့အမေဖြစ်သူဖြစ်နေခဲ့သည်
ထယ်ယောင်းပျောက်သွားတဲ့နေ့က သူ့အမေနဲ့လာတွေ့သွားတယ်တဲ့ အခန်းထဲက သူ့အဝတ်စားတွေနဲ့ပစ္စည်းတစ်ချို့ယူကာ သူ့အမေကို ငိုယိုပြီး နှုတ်ဆက်သွားတယ်တဲ့လေ omma ကဘာဖြစ်လို့လဲမေးပြန်တော့လဲ ဘားမှမဟုတ်ကြောင်းနဲ့ ဒီတိုင်း omma ကိုသတိရလို့ပါဟုဆိုကာ ခဏအကြာမှာပြန်ထွက်သွားခဲ့တာတဲ့ ထယ်ယောင်းပျောက်သွားတယ်ဆိုတာကိုတောင် omma ကညနေခင်း namjoon hyung လှမ်းအသိပေးတော့မှသိခဲ့ရတာ ထိုနေ့ထဲက omma ကလဲသူ့သားလေးကို စိတ်ပူကာတငိုငိုတရီရီဖြင့်သာ
YOU ARE READING
Him Or Her(Completed)
RomanceJk: ငါချစ်တာ မင်းမဟုတ်ဘူး ငါချစ်တာ သူမ kim taeyoon: ကင်မ်ထယ် ယွန်းရဲ့ဘဝမှာ လိုချင်တာအားလုံးဖြည့်စည်းပေးနိုင်မဲ့လူဘဲ လိုတယ် အရေမရ အဖတ်မရ အချစ်တွေမလိုအပ်ဘူး kim taehyung: ကျွန်တော်သူ့ကို သိပ်ချစ်တယ် ဒါပေမဲ့ သူက ကျွန်တော့်အမကိုချစ်တယ်