ဂျောင်ဂုရဲ့ ပရောဂျက်ကအောင်မြင်လုနီးနီးဖြစ်နေပြီ နောက် တစ်ပတ်လောက်ဆို ရေမွှေးလေးကိုတရားဝင် ကြော်ညာမည်ဖြစ်သည် ပရောဂျက်အောင်မြင်တယ်မအောင်မြင်ဖူးဆိုတာကတော့ ရေမွှေးလေးစျေးကွပ်ထဲရောက်သွားတဲ့အခါမှ ရောင်းအားပေါ်မူတည်ပြီး သက်မှတ်ရပေမည်
ရေကုန်ရေခန်းကြိုးပန်းထားရတဲ့ပရောဂျက်မ်ို့ ဂျောင်ဂုအလွန်မျော်လင့်ထားတာတော့အမှန်ပင် ပြီးတော့ ဒီနေ့ ရေမွှေးရဲ့ပါဝင်ပစ္စည်းအားလုံးပေါင်းစပ်ပြီး ထုတ်ပိုးရန်အသင့်အနေထားဖြစ်နေပြီမို့ ဂျောင်ဂု သူထုတ်လုပ်တဲ့အနံ့သုံးမျိူးလုံးကို အရင်ဆုံးထည့်တဲ့ သုံးပုလင်းကိုဖယ်ထားလိုက်သည်
ပထမဦးဆုံး အနံ့ခပ်ပျင်းပျင်းနဲ့ ဆွဲမက်စရာရေမွှေးအမျိုးအစားကတော့ appa အတွက်ရည်ရွယ်ပြီးဖယ်လိုက်တာပေါ့ ဟုတ်ပါသည် perfume ဆိုအကောင်းစားကိုမှကြိုက်တတ်တဲ့ appa က ဂျောင်ဂုသိတတ်စအရွယ်ထဲက နာမည်ကြီး brands မျိုးစုံကိုသုံးတတ်သည် ပြီးတော့ appa ကခပ်ပျင်းပျင်းရေမွှေးနံ့ကိုသဘောကြတတ်သည် ဒါကြောင့် ဂျောင်ဂုထုတ်တဲ့ရေမွှေးနဲ့သုံးမျိုးထဲက အပြင်းဆုံးနဲ့ဆွဲဆောင်မှုမရှိဆုံးရေမွှေးက appa အတွက်ပေါ့
ဒုတိယပုလင်းလေးကတော့ မပျင်းလွန်းဘဲ သင်းသင်းလေးနဲ့ ကြာရှည်ခံပြီး ဆွဲဆောင်မှူရှိတဲ့ရနံ့လေး ထိုရနံ့ရဲ့ပိုင်ရှင်လေးကတော့ ဂျောင်ဂုရဲ့ နှစ်ယောက်မရှိနိုင်တဲ့ နမ်ဂျွန်းဟျောင်းအတွက်ပေါ့ ရေမွှေးနံ့ခပ်ပျင်းပျင်းရရင် ခေါင်းကိုက်တယ်လို့အမြဲပြောတတ်တဲ့ hyung ကြောင့် ဂျောင်ဂုက ဒီလိုခပ်သင်းသင်းလေးနဲ့ မွှေးပျံ့စေမဲ့ရနံ့လေး လက်ဆောင်ပေးရန်စီစဥ်ထားသည်
နောက်ဆုံးတစ်ခုကတော့ ဂျောင်ဂုယခုလက်ရှိ သဘောအကျဆုံးရနံ့လေးဖြစ်တဲ့ ကင်မ်ထယ်ယောင်းရဲ့ကိုယ်သင့်းရနံ့ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ စတော်ဘယ်ရီသီးလေးနဲ့ နို့နှစ်လေးတို့ပေါင်းစပ်ပြီးထွက်လာတဲ့ ရနံ့လေးလို ချိုချိုအီအီလေးဖြစ်နေစေမဲ့ အနံ့မျိုးပင် ထိုရေမွှေးးလေးကိုစွတ်လိုက်တဲ့အခါ မပြင်းလွန်းပေမဲ့လဲ ထိုရေမွှေးရနံ့လေးရတာနဲ့တင် တစ်ဖတ်လူက ကိုက်စားချင်စိတ်ပေါက်လောက်အောင်ဆွဲဆောင်နိုင်မဲ့ရနံ့ မျိူး ပေါ့
YOU ARE READING
Him Or Her(Completed)
RomanceJk: ငါချစ်တာ မင်းမဟုတ်ဘူး ငါချစ်တာ သူမ kim taeyoon: ကင်မ်ထယ် ယွန်းရဲ့ဘဝမှာ လိုချင်တာအားလုံးဖြည့်စည်းပေးနိုင်မဲ့လူဘဲ လိုတယ် အရေမရ အဖတ်မရ အချစ်တွေမလိုအပ်ဘူး kim taehyung: ကျွန်တော်သူ့ကို သိပ်ချစ်တယ် ဒါပေမဲ့ သူက ကျွန်တော့်အမကိုချစ်တယ်