ep 6

493 23 0
                                    

one month later

ဒီနေ့တော့ ဂျောင်ဂုနဲ့ထယ်ယွန်းတို့ ချစ်သူဖြစ်တာ တစ်လလောက်ရှိပြီမို့ ဂျောင်ဂုထယ်ယွန်းကို appa နဲ့တွေ့ပေးရန် စီစဥ်ထားသည်

သူမကအနုပညာလောကမှာ အရှုပ်ရှင်းကိစ္စတွေနည်းနည်းနာမည်ထွက်နေပေမဲ့ ဂျောင်ဂုကတော့တကယ်မယုံပါ ဘာဘဲ ဖြစ်ဖြစ်သူ့ချစ်သူကအက်လိုမဟုတ်နိုင်ဘူးလို့ သူယုံကြည်တယ်လေ တတ်သစ်စမင်းသမီးမို့ နာမည်ဖျက်ချင်တဲ့လူတွေက ကောလဟာလတွေလွှင့်တာနေမှာပါ

သူမကို ဂျောင်ဂုကတကယ်ကိုမြတ်မြတ်နိူးနိုးချစ်ပါသည် ဒါကြောင့်လဲ လက်ထပ်ယူမို့အထိဆုံးဖြတ်ထားတာပေါ့ ဒါပေမဲ့တစ်ခါတလေ ကြရင် ထယ်ယွန်းရဲ့အပြုမူတွေကို ဂျောင်ဂုကိုယ်တိုင်တောင်နားမလည်နိုင်ပါဘာလို့ဆို သူမဟာတစ်ခါတလေ နူးညံ့သိမ်မွေ့သလို တစ်ခါတစ်လေ မောက်မာတတ်သည်

ပထမဆုံး တွေ့စုံခဲ့တုံးက ကိုယ်ကမင်းသမီးဘဲဆိုပြီး မာနကြီးတစ်ခွဲသားနဲ့မနေဘဲ ရူတင်ကလူတိုင်းအပေါ် ရွံရွံကျိုးကျိုး ဆက်ဆံတဲ့တဲ့ သူမရဲ့ပုံလေးကို ဂျောင်ဂုအများပြီးသဘောကြခဲ့ရတာလေ ဒါပေမဲ့သူမနဲ့ ရင်းနှီးမှူရပြီး first date လုပ်တဲ့အခါမှာ ဟော်တယ်တစ်ခုမှာ ညစာစားမို့ချိန်းဆိုခဲ့တာ

       ထိုနေ့က ဟော်တယ်ဝန်ထမ်းလေးတစ်ချို့က သူမကိုတွေ့တော့ လက်မှတ်ထိုးခိုင်းတဲ့အခါ သူမက ထိုဝန်ထမ်းလေးတွေက်ို မတူသလိုမတန်သလိုမောက်မောက်မာမာပြောဆိုပြီး ပြန်လွှတ်လိုက်သည် အဲ့အချိန်တုံးက သူမစိတ်ထားကိုသဘောမကြခဲ့ပေမဲ့ ချစ်တဲ့စိတ်ကြောင့် သူမရဲ့အားလပ်ချိန်လေးမှာ လွတ်လွတ်လပ်လပ် နေချင်လို့ စိတ်ကျဥ်းကျပ်မိသွားလို့ ထိုသို့ဆက်ဆံတာဖြစ်မှာပါလေ ဟုတွေးကာ ဂျောင်ဂုခွင့်လွှတ်ပေးခဲ့တာလေ 

   အနုပညာရှင်တွေလဲ ကိုယ်ပိုင်အချိန်ဆိုတာတော့ရှိသင့်တယ်မို့လား ဒါကြောင့်ကိုယ်ပိုင်အချိန်မှာ လာနှောင့်ယှက်တဲ့လူတွေကိုသူမ ဒေါသထွက်မိတာနေမှာပါဟုသာ တွေးပေးလိုက်သည် ဒါပေမဲ့ လဲ တစ်ချို့အချိန်တွေဆို ပျားရည်လိုချိုမိန်တတ်ပြီး တစ်ချို့အချိန်ဆို ငရုတ်သီးလို ပူလောင်တတ်တဲ့သူမစိတ်ဓာတ်ကို ဂျောင်ဂုအခုချိန်ထိသေချာနားမလည်နိုင်သေးပေ

Him Or Her(Completed)Where stories live. Discover now