ep 26

978 43 10
                                    

jungkook တစ်ယောက် အခန်းပတ်လည်မှာ ပုံစံ ဒီဇိုင်းမျိုးစုံနဲ့ချိတ်ဆွဲထားတဲ့ ထယ်ယောင်းရဲ့တန်ဖိုးထားရပါတယ်ဆိုတဲ့ ပစ္စည်းတွေကိုကြည့်ကာ ဘာကိုအလိုမကြမှန်းမသိဘဲ အလိိုလိုဒေါသထွက်နေမိသည်

jk: ဟွင့် တွေ့အုံးမယ် ကင်မ်ထယ်ယောင်းတို့ကတော့ငါနဲ့တွေ့အုံးမယ် ဘယ်လိုသတ္တိတွေနဲ့ ငါ့အခန်းထဲမှာ သူ့အကောင်လား ကောင်မလားမသိတဲ့ သူရဲ့ပစ္စည်းတွေကို လာချိတ်ရဲရတာလဲ

ဂျောင်ဂုရုံးကပြန်ရောက်တော့ အော်ထပ်မှာ ဟင်းချက်နေတဲ့ထယ်ယောင်းကြောင့် ထယ်ယောင်းကိုပြန်ရောက်ကြောင်းအသိပေးကာ အပေါ်ထပ်ကိုရေမိုးချိုးရန်တတ်လာလိုက်သည်

အခန်းထဲရောက်တော့မြင်ရတဲ့မြင်ကွင်းက အမော့ဆို့ပြီးသေမတတ်ပင် ကျယ်သီးလေးတွေ သော့ချိတ်လေးတွေ မုန့်ခွံလေးတွေ တီရူးလေးတွေကို စနစ်တကျ ပလပ်စတစ်လောင်းကာဘောင်သွင်းပြီး နံရံမှာလိုက်ချိတ်ထားလေရဲ့

jk: ကင်မ်ထယ်ယောင်း ကင်မ်ထယ်ယောင်း အပေါ်တတ်လာခဲ့အုံးမင်း

ထယ်မီးဖိုထဲချက်ပြုတ်နေတုံး အပေါ်ထပ်ကဂျောင်ဂုရဲ့အော်သံကြောင့် ဂျောင်ဂုဘာဖြစ်ပြီလဲ အတတ်သိလေပြီ အခန်းထဲကပစ္စည်းတွေကြည့်ပြီးဒေါသထွက်လေရောပေါ့ ဟိုတနေ့ထဲက သဝန်တိုတဲ့အရိပ်ယောင်ပြနေတဲ့ဂျောင်ဂုကိုစချင်တာရော ထယ်တို့ ကြားကအမှတ်တရပစ္စည်းလေးတွေကို ထယ်တို့အခန်းထဲမှာ ပြည့်နေစေချင်တာရောကြောင့် ထယ်အခုလိုလုပ်မို့အကြံရခဲ့တာလေ

ဟီး အခုတော့ထယ့်အကြံအစည်အောင်မြင်တယ်ဆိုတာ ဂျောင်ဂုရဲ့ လေသံနဲ့တင်သိနိုင်နေပြီလေ

tae: လာပြီ ဂျောင်ဂု

ထယ်လဲဟင်းအိုးကိုအဒေါ်ကြီးကိုကြည့်ခိုင်းလိုက်ကာ အပေါ်ထပ်ပြေးတတ်လာလိုက်သည် အပေါ်ထပ်အခန်းထဲရောက်တော့
ရူးရူးရှဲရှဲနဲ့ဒေါသထွက်နေတဲ့ ဂျောင်ဂုကြောင့် ထယ်ရယ်ချင်စိတ်ကိုမနည်းထိန်းကာ

tae: ဘာလိုလို့လဲ ဂျောင်ဂု

jk: ဒါတွေကဘာတွေလဲ

tae: aww ဒါတွေလား ဒါတွေကထယ့်ရဲ့အဖိုးမဖြတ်နိုင်တဲ့ပစ္စည်းလေးတွေလေ ဒါကြောင့်ဘောင်သွင်းပြီးသေချာသိမ်းထားတာ ဘာဖြစ်လို့လဲ

Him Or Her(Completed)Where stories live. Discover now