ep 14

531 25 6
                                    

အဖြစ်ပျက်တွေဖြစ်ခဲ့ပြီးတာ အခုဆို ၆ ရက်တောင်ရှိသွားပြီ   ဒီ၆ ရက်အတွင်းမှာ ထယ်ဟာဂျောင်ဂုတို့အိမ်မှာသာ သောင်တင်နေခဲ့သည်လေ omma ကထယ့်ကိုစိတ်စိုးနေသေးတာမို့လုံးဝလက်မခံ

    ဂျောင်ဂုရဲ့အဖေနဲ့အကိုက အလွန်ပင်သဘောထားပြည့်ဝပြီး အရမ်းကိုဖော်ရွေတတ်တဲ့လူကြီးလူကောင်းတွေပင် ဒါကြောင့် သူတို့အိမ်ရောက်နေတဲ့ထယ့်ကို အလွန်ပင်နွေးနွေးထွေးထွေးဆက်ဆံကြသည်  ဒါပေမဲ့ခက်တာက ဂျောင်ဂုပင်  ထယ်အလိုချင်ဆုံးနွေးထွေးမှုလေးဖြစ်တဲ့ဂျောသ်ဂုဆီကနွေးထွေးမှုလေးကိုတော့ ထယ်အခုထိတစ်ခါမှမရသေးပါ

  လွန်ခဲ့တဲ့ ၆ ရက်က မီဒီယာတွေရှေ့ထယ့်ကိုလက်ထပ်မယ်လို့ ကြော်ညာပြီးနောက် အိမ်ထဲ ပြန်ရောက်လာတော့ ဂျောင်ဂုကထယ်နဲ့သူ့ရဲ့မင်ဂလာပွဲကို တစ်ပတ်အတွင်းစီစဥ်ပေးပါဟု ဂျွန် appa ကိုပြောသည် ဒါကြောင့်ဂျွန် appa ကလဲသူ့သားဖြစ်စေချင်တဲ့ဆန္ဒအတိုင်း တစ်ပတ်အတွင်းစီစဥ်ပေးခဲ့တာမို့ မနက်ဖြန်ဆို ထယ်နဲ့ဂျောင်ဂုရဲ့မင်ဂလာပွဲပင်

      တကယ်ဆို မင်ဂလာဆောင်မဲ့အချိန်မှာ နှစ်ဦးနှစ်ဖက်ပျော်ရွှင်နေသင့်တာမို့လား ဒါပေမဲ့အခုတော့ ထယ်လဲမပျော်သလို ဂျောင်ဂုဘက်ကလဲ သေချာပေါက်ပျော်ရွှင်နေမည်မဟုတ်ပါ ဂျောင်ဂုကလဲသူလက်ထပ်ရမဲ့လူက သူသိပ်ချစ်တဲ့မမမဟုတ်လို့ မပျော်နိုင်သလို ထယ်ကလဲ ဂျောင်ဂုကိုပျော်အောင်မထားပေးနိုင်လို့ပျော်ရွှင်မနေပါ နောက်တစ်ခုကတော့ omma ပေါ့

     jeon appa တို့ဘက်က  ထယ့်ကို ဂျောင်ဂုကခိုးယူလာသည်မို့ မိသားဖသားပီပီ ပြန်အပ်ကာ မင်ဂလာပွဲစီစဥ်ပေးချင်ကြောင်းလှမ်းပြောတော့ omma ကပြန်အပ်မို့ကိစ္စကိုလဲ လက်မခံသလို မင်ဂလာပွဲကိုလဲ သူတို့ဘက်ကတတ်ရောက်မှာမဟုတ်လို့ ကြိုက်သလိုစီစဥ်ပါလို့ပြောရှာသည် တကယ်ဘဲထယ့်ကိုအက်လောက်တောင်မုန်းသွားတာလား omma ရယ်

      ထယ်ခြံဝန်းထဲက ဒန်းပုခက်လေးပေါ်မှာထိုင်ရင်းထိုအကြောင်းတွေကိုစဥ်းစားနေချိန် နမ်ဂျွန်းဟျောင်းကခြံထဲဆင်းလာတာမို့ ထယ့်ကိုတွေ့တော့ အနားရောက်လာကာ

Him Or Her(Completed)Where stories live. Discover now