after 1 month at morning
tae: jungkook ရေ jungkook
ဒါကတော့ ထယ့်ရဲ့မိုးလင်းမျက်လုံးနှစ်လုံးဖွင့်တာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်လေးပင် ဟုတ်ပါသည် ဂျောင်ဂုက ထယ့်နဲ့ ကလေးတွေကိုအစစအရာရာဂရုစိုက်ကာ ထယ့်အပေါ်လဲလိုလေသေးမရှိ ကျင်ကျင်နာနာဆက်ဆံပြီး ထယ်ဆိုးသမျှလဲ မငြီးမညူသီးခံပေးတာမို့ ထယ်နဲ့ဂျောင်ဂုပြန်အဆင်ပြေသွားတာ အခုဆို ၁၀ ရက်လောက်ပင်ရှိနေပြီ
ကိုယ့်ယောကျာ်းကို အကြာကြီးစိတ်စိုးနေလို့ဘာရမှာလဲ ဟုတ်တယ်မှတ်လား နဂိုထဲကမှ ထယ့်အမျိုးသားချောချောလေးအနားမှာ လုယူချင်တဲ့လူတွေကနည်းတာမဟုတ် နောက်တစ်ခါထပ်လူသွားရင် ထယ်ရင်ကျိူးရကြည်ရဲ့ ဒါကြောင့်လဲ ကြာကြာမူမနေတော့ဘဲ တော်ရုံလောက်ဘဲနိုပ်ဆက်ပြီး ပြန်စိတ်စိုးပြေပေးလိုက်တာပေါ့
အခုလဲကြည့် ကလေးတွေကသူနဲ့တူအောင် မိုးလင်းတာနဲ့အရင်ဆုံးသူ့မျက်နှာမြင်ချင်ပါတယ် ညမအိပ်ခင်အချိန်ထိ သူ့မျက်နှာလေးကြည့်နေချင်ပါတယ်လို့ ပြောထားတဲ့ဟာကို မိုးလင်းလာတော့ဘေးမှရှိမနေ ဘယ်တွေသွားနေပြန်ပြီလဲမသိ
ဂျောင်ဂုတစ်ယောက် ထယ်ယောင်းအတွက်မနက်စာကိုယ်တိုင်ပြင်ပေးချင်တာကြောင့် မနက်အစောကြီးထကာ ထယ်မနိုးအောင် အခန်းထဲကနေခြေသံဖွဖွနဲ့ထွက်လာပြီး မီးဖိုချောင်မှာ တကုတ်ကုတ်နဲ့ပြင်ဆင်နေရသည် အားလုံးပြင်ဆင်လို့ပြီးတော့ မနက်စာကိုပန်ကန်ထဲထည့်ကာ နွားနို့လေးနွေးပြီး အခန်းထဲယူသွားရန်လှေကားကတတ်လာချိန် သူ့နာမည်ကိုအော်ခေါ်နေပြီဖြစ်တဲ့သခင်လေးအသံကြောင့် နိုးနေမှန်းသိလိုက်ရလေပြီ
ဟူး သူနိုးလာတဲ့အချိန်အနားမှာ ရှိမနေလို့ဆိုပြီး အရစ်ခံရတော့မှာကြိုမြင်နေပြီ ဂျွန်ဂျောင်ဂုရေ ချော့ပေအုံးတော့ ထယ်ယောင်းဟာ အရင်လို ရင့်ကြပ် နှုတ်စိတ်ပြီး အေးအေးဆေးဆေးနေတတ်တဲ့ကောင်လေးမဟုတ်တော့ပါ ကိုယ်ဝန်စိတ်ကြောင့်လား အစထဲက ဒီလိုဘဲလားတော့မသိပေမဲ့ အခု တအားတွေ စိတ်စိုးစိတ်ကောက်လဲ လွယ်သလို သူအလိုမကျရင်လဲ ရစ်တတ်သေးသည် ရစ်တာမှမိန်းခလေးအစစ်တွေ ထိုင်ငိုသွားလောက်တဲ့အထိကိုရစ်တာပါ ဒါပေမဲ့ ဂျွန်ဂျောင်ဂုဆိုတဲ့ ကျွန်တော်က အဲ့လိုအမူရာလေးတွေကို စိတ်မကုန်တဲ့အပြင် ရစ်လေချစ်လေဖြစ်နေတာတော့ မတတ်နိုင်တော့ပါဘူးဗျာ
YOU ARE READING
Him Or Her(Completed)
RomanceJk: ငါချစ်တာ မင်းမဟုတ်ဘူး ငါချစ်တာ သူမ kim taeyoon: ကင်မ်ထယ် ယွန်းရဲ့ဘဝမှာ လိုချင်တာအားလုံးဖြည့်စည်းပေးနိုင်မဲ့လူဘဲ လိုတယ် အရေမရ အဖတ်မရ အချစ်တွေမလိုအပ်ဘူး kim taehyung: ကျွန်တော်သူ့ကို သိပ်ချစ်တယ် ဒါပေမဲ့ သူက ကျွန်တော့်အမကိုချစ်တယ်