extar

764 31 11
                                    

after 3 months later at jeon house

  tae:    jungkook ရေ ကလေးတွေအတွက်နို့ဘူးဖျော်နေတာရပြီလား

ထယ်က ကလေးတွေကိုပြင်ဆင်ပေးနေတာမို့ ဂျောင်ဂုကိုအောက်မှာ သားနဲ့သမီးအတွက်နို့ဘူး​ဖျော်ထားပေးရန်မှာပြီး လွှတ်လိုက်တာကို ကလေးတွေကိုပြင်ဆင်ပေးပြီးတဲ့အထိ အပေါ်ပြန်တတ်မလာတဲ့သူ့ကြောင့် ထယ်ဘဲ ကလေးနှစ်ယောက်လုံးကိုအရှေ့တစ်ယောက်အနောက်တစ်ယောက်ပိုးကာ အောက်ဆင်းလာရသည်

nj: ဟော အသေးလေးတို့သားဖတွေ ပြင်ဆင်ပြီးဘယ်သွားကြမို့တုံး

tae: ဟီး ဒီနေ့သားနဲ့သမီးကိုခေါ်ပြီး မမဆီသွားလည်မို့လေ hyung ရဲ့ ဆရာဝန်ကပြောတယ် မမဆီကိုအားရင် ခဏခဏလာလည်ပေးပါတဲ့ ပထမတစ်ခါ သွားလည်တုံးက မမရဲ့အခြေနေကအများကြီးတိုးတတ်လာတယ်တဲ့လေ

ဟူတ်ပါသည် ထယ်သားတို့ကိုမွေးပြီးတစ်လကျော်လောက်တုံးက မမဆီတစ်ခါသွားလည်ဖြစ်သေးသည် မေမေ့ကိုတောင်မမှတ်မိနိုင်တဲ့မမက ထယ့်ကိုမြင်တော့ မောင်လေးဟုခေါ်ကာ ဖတ်ပြီးငိုရှာသည်

အေးပေါ့လေ ထယ်နဲ့မမရဲ့ဆက်နွယ်မှုက မေမေ့နဲ့တောင်မတွေ့ရခင်ထဲက ရှိနေခဲ့တာကိုး အဲ့နေ့ကမမကိုအဲ့ဒီ့အခြေနေနဲ့တွေ့လိုက်ရတော့ ထယ်အလွန်ဝမ်းနည်းမိသည် မမကိုအခုလိုပစ်ထားမိတာကိုလဲ ထယ်တကယ်စိတ်မကောင်းပါ

ဒါကြောင့် မမအခြေနေတည်ငြိမ်တဲ့အခါ အိမ်ကိုပြန်ခေါ်မည်ဟုလဲ ဆရာဝန်နဲ့ပြောထားသည် အခုတော့ မနေ့ကမမကိုကုပေးနေတဲ့ဆရာဝန်ဘက်က ထယ့်ကိုဆက်သွယ်ကာ မမရဲ့အခြေနေကအများကြီးတိုးတတ်ပြောင်းလဲလာကာ လူကောင်းပကတိအတိုင်းပြန်အဆင်ပြေနေပြီဟုပြောတာကြောင့် ယနေ့မမနဲ့သွားတွေ့ကာ မမကိုထိုနေရာကနေအိမ်ပြန်ခေါ်လာရန် စီစဥ်ထားသည်

  appa jeon ကထယ့်ဆန္ဒကိုသဘောတူပေးကာ ဒီအိမ်မှာခေါ်ထားချင်တယ်ဆိုရင်လဲခေါ်ထားနိုင်ပါတယ်ဟု ပြောပေမဲ့ မေမေကတော့သူသာခေါ်ထားမည်ဟုဆိုသည် အေးပေါ့လေသူလဲတစ်ယောက်ထဲဆိုတော့ မမနဲ့အဖော်ရတာပေါ့ ထယ်ကလဲကလေးတွေနဲ့ ဆိုတော့ မမကိုခေါ်ထားပြန်ရင် အချိန်ပြည့်ကလေးတွေကိုကော မမကိုကောဂရုစိုက်မစိုက်နိုင်မှာလဲ စိုးရိမ်ရသေးသည်လေ

Him Or Her(Completed)Where stories live. Discover now