after one week later
ထယ်ယောင်းတစ်ယောက် တနေ့တနေ့ အိမ်မှာအလုပ်မရှိအကိုင်မရှိဖြစ်ကာ ပျင်းနေတာမို့ အဒေါ်ကြီးစီကနေ ဟင်းချက်နည်းတွေလေ့လာနေတာ အခုဆိုတော်တော်ကြွမ်းကြွမ်းကျင်ကျင် ချက်တတ်တဲ့အဆင့်ရောက်နေလေပြီ
တော်တော်များများသင်ထားတယ်ဆိုပေမဲ့ ထယ်ဦးစားပေးသင်ထားတာကတော့ ဂျောင်ဂုကြိုက်တယ်ဆိုတဲ့ဟင်းလျာတွေပင်
အခုဆို ဂျောင်ဂုကလဲ appa ရဲ့ဆိုဆုံးမမှုကြောင့် အလုပ်ထဲ ပြန်ဝင်ပြီး appa ကိုဝိုင်းကူနေလေပြီ ဒီလိုကျတော့လဲထယ့်ဂျောင်ဂုက လိမ္မာပါတယ် ထယ့်အပေါ်ကိုလဲအမြင်မကြည်လို့ဆိုးနေတာကလွဲရင် appa အပေါ်လဲလိမ္မာတယ် hyung ကိုဆိုလဲတအားချစ်ပြီး hyung ဘာပြောပြောနားထောင်တတ်တယ်
မင်ဂလာဦးညက ကိစ္စပြီးထဲက ထယ့်ကိုဘားမှလဲမပြောသလို ဘာကိစ္စမှလဲထက်မလုပ် ထယ့်အပေါ်မနွေးထွေးတာကလွဲရင် အရာအားလုံးအဆင်ပြေနေတယ်လို့ဘဲ ပြောရမှာပေါ့
ဒီနေ့တော့ ထယ်တတ်မြောက်ထားတဲ့ဟင်းချက်လက်ရာလေးနဲ့ jeon appa တို့အတွက်ကော ဂျောင်ဂုအတွက်ပါ ညစာချက်ပေးရန်စီစဥ်ထားသည် သေချာပေါက် ဂျောင်ဂုအကြိုက်တွေကတော့ အများဆုံးပေါ့
ညနေ ၃ နာရီလောက်ထဲကထယ်မီးဖိုချောင်ဝင်ကာ အဒေါ်ကြီးကဘေးကအနည်းငယ်ကူပေးပြီး ထယ်ကတော့ချက်ပြုတ်နေလိုက်တာ ညနေ ၆ နာရီ appa တို့ပြန်မလာခင်လေးမှာ အားလုံးချက်ပြုတ်လို့ပြီးသွားသည် ထယ်ယောင်းလဲ အပေါ်တတ်ပြီး ရေမိုးချိုးအဝတ်စားလဲကာ ဂျောင်ဂုတို့ပြန်လာမဲ့အချိန်ကိုစောင့်နေလိုက်သည်
၆ နာရီခွဲလောက်ကြတော့ jeon appa နဲ့ namjoon hyung တို့ကပြန်ရောက်လာပေမဲ့ ထယ်အရမ်းမျော်လင့်နေတဲ့လူကတော့ ပါမလာ နမ်ဂျွန်းဟျောင်းပြောတာကတော့ ကုမ္ပဏီကအပြန် ဂျီမင်းဟျောင်းကမနက်ဖြန် ပြန်တော့မှမို့ နှုတ်ဆက်ပွဲလုပ်မယ်ဟုဆိုကာ လာခေါ်သွားတာကြောင့် နည်းနည်းနောက်ကျမယ်တဲ့လေ
ဒါ နဲ့ဘဲထယ်လဲ appa နဲ့ hyung ကိုညနေစာကျွေးတော့ appa တို့ကတော့စားပြီး ထယ့်လက်ရာကိုချီးမွန်းကြလေရဲ့
YOU ARE READING
Him Or Her(Completed)
RomanceJk: ငါချစ်တာ မင်းမဟုတ်ဘူး ငါချစ်တာ သူမ kim taeyoon: ကင်မ်ထယ် ယွန်းရဲ့ဘဝမှာ လိုချင်တာအားလုံးဖြည့်စည်းပေးနိုင်မဲ့လူဘဲ လိုတယ် အရေမရ အဖတ်မရ အချစ်တွေမလိုအပ်ဘူး kim taehyung: ကျွန်တော်သူ့ကို သိပ်ချစ်တယ် ဒါပေမဲ့ သူက ကျွန်တော့်အမကိုချစ်တယ်