jk: အခု ကိုယ်နဲ့ပြန်လိုက်ခဲ့ပါတော့နော်ယောင်းtae: ဟင့်အင်း ထယ်မလိုက်နိုင်ဘူးဂျောင်ဂု ထယ်တို့ကို ဒီတိုင်းထားခဲ့ပြီးပြန်လိုက်ပါတော့ ထယ်တောင်းပန်ပါတယ်
jk: ဟင့်အင်းထားခဲ့ဆိုတဲ့စကားတွေ ထပ်မပြောပါနဲ့ကွာ ကိုယ့်မှာမင်းကိုမနည်းရှာထားရတာလေ အခုလိုရှာတွေ့မှကိုယ်ကဘယ်လိုလုပ်ထားခဲ့ရမှာလဲထယ်ရဲ့ ပြီးတော့ကိုယ်ရှင်းပြတာတွေကိုယုံပေးပါကွာ ကိုယ်မင်းကိုလိမ်ညာနေတာ တစ်ခုမှမရှိပါဘူး
tae: မသိချင်ဘူးကွာ ထယ်ဘာတစ်ခုမှ မသိချင်တော့ဘူး အခုချိန်မှာ ထယ်ဒီနေရာမှာပျော်နေပြီမို့ ဘယ်ကိုမှထက်ပြီးမသွားချင်တော့ဘူး
jk: ကိုယ်နားလည်ပါတယ် ထယ်ရယ် မင်းကိုယ့်ကိုချက်ချင်းကြီးမယုံကြည်ပေးနိုင်သေးဘူးဆိုရင်တောင် ကိုယ့်အတွက်မဟုတ်ဘဲ ထယ့်ဗိုက်ထဲက ကိုယ်တိူ့ရဲ့ရင်သွေးလေးတွေအတွက်စဥ်းစားပြီးဖြစ်ဖြစ် ဒါမှမဟုတ် ဆိုလ်းမှာမင်းကိုအရူးတစ်ပိုင်းလိုလိုက်ရှာနေတဲ့ ဟျောင်းနဲ့ appa အတွက်ဖြစ်ဖြစ် ဒါမှမဟုတ်လဲ သားဖြစ်သူကလဲဘယ်ဆီရောက်မှန်းမသိ သမီးဖြစ်သူကလဲ စိတ္တဇဆေးရုံရောက်နေတာမို့ အချိန်တိုင်းငိုကြွေးပူဆွေးနေရတဲ့ မင်းရဲ့မေမေ့အတွက်ဖြစ်ဖြစ် မင်းပြန်လိုက်ခဲ့ပေးပါနော် ထယ်
ပြီးတော့ ကိုယ်တို့ရင်သွေးလေးတွေဟာ အမျိုးသားတစ်ယောက်ရဲ့ဝမ်းဗိုက်ထဲမှာမို့ မမွေးခင် အချိန်ထိကို အန္တရယ် မျိုးစုံနဲ့ကြုံတွေ့ရနိုင်တယ်ဆိုတာ ထယ်လက်ရှိပြနေတဲ့ဆရာဝန်ကလဲ ထယ့်ကိုပြောမှာပါ အဲ့ဒါကိုတောင်ဒီလို မြို့ပြမဟုတ်ဘဲ ဆေးရုံဆေးခန်းနဲ့အလှမ်းဝေးတဲ့နေရာမျိုးမှာ ကိုယ်မင်းကိုဘယ်လိုထားခဲ့ရမှာလဲ ထယ်ယောင်းရယ်
ကိုယ့်အတွက်မဟုတ်ရင်တောင် ထယ့်ဗိုက်ထဲကရင်သွေးလေးတွေအတွက်စဥ်းစားပြီး ဆိုလ်းကိုပြန်လိုက်ခဲ့ပေးပါနော် ကိုယ်အနူးညွတ်တောင်းပန်ပါတယ်
ဂျောင်ဂုပြောတဲ့စကားတွေမှာလဲ အမှားတော့မပါ သေချာစဥ်းစားကြည့်တော့ထယ်တကယ်ကို တစ်ကိုယ်ကောင်းဆန်မိခဲ့တာဘဲ ထယ်ဂျောင်ဂုကိုစိတ်စိုးပြီးထွက်လာခဲ့ပေမဲ့ တစ်ခြားလူတွေအတွက်ထည့်မတွေးပေးခဲ့မိဘူး ထယ့်ကိုသူတို့အိမ်ရောက်ထဲက သားအရင်း ညီအရင်းလေးတစ်ယောက်လိုဆက်ဆံပေး ချစ်ပေးခဲ့ကြတဲ့ jeon appa နဲ့ namjoon hyung တို့ဘယ်လိုခံစားရမလဲထယ်ဘယ်တုံးကမှ မစဥ်းစားခဲ့ဖူးဘူး
YOU ARE READING
Him Or Her(Completed)
RomanceJk: ငါချစ်တာ မင်းမဟုတ်ဘူး ငါချစ်တာ သူမ kim taeyoon: ကင်မ်ထယ် ယွန်းရဲ့ဘဝမှာ လိုချင်တာအားလုံးဖြည့်စည်းပေးနိုင်မဲ့လူဘဲ လိုတယ် အရေမရ အဖတ်မရ အချစ်တွေမလိုအပ်ဘူး kim taehyung: ကျွန်တော်သူ့ကို သိပ်ချစ်တယ် ဒါပေမဲ့ သူက ကျွန်တော့်အမကိုချစ်တယ်