ep 30

791 35 21
                                    

  ဂျောင်ဂုသတိပြန်ဝင်လာတော့ သူ့ခန္ဓာကိုယ် ဟာနုံးချိနေပြီး လှုပ်မို့တောင်အတော်အားယူနေရသည် မျက်နှာကျက်ဖြူဖြူနဲ့ဆေးနံ့တွေမွှန်ထူနေတာမို့ သူဆေးရုံပျော်ရောက်နေပြီဆိုတာ အတပ်သိလေရဲ့ သူ့ကုတင်ရဲ့ခြေရင်းမှာ စကားပြောနေကြတဲ့ appa နဲ့ hyung ကိုမြင်နေရသည် ဒါပေမဲ့ သူအမြင်ချင်ဆုံးမျက်မှာပိုင်ရှင်လေးကတော့ အခန်းထဲမှာရှိမနေခဲ့ပါ

    ကိုယ့်ကိုတိုင်သေမလိုဖြစ်နေတာတောင် ကိုယ့်အတွက်တစ်စက်ကလေးမှမပူပန်ဘဲ သူအရင်ဆုံးစိုးရိမ်မိတာကတော့ ကင်မ်ထယ်ယောင်းဆ်ိုတဲ့ သူ့ရဲ့အမျိုးသားလေးကိုပင်  ထယ်ယောင်းအဆင်မှပြေရဲ့လား

mr jeon:သားထယ်နဲ့ယွန်းကိုပြန်ပေးဆွဲခဲ့တာဘယ်သူတွေလဲသိရပြီလား သားကြီး

nj: ဟုတ်ကဲ့သိရပြီ appa မောလ်က cctv ကနေ ပြန်ပေးသမားတွေရဲ့မျက်နှာတွေအားလုံးကိုသိထားရပါတယ် အခုဆိုလ်းရဲ့နေရာအနှံ့မှာ ရဲတပ်ဖွဲ့ဝင်တွေကလိုက်ရှာနေပြီမို့  မကြာခင်အားလုံးဖမ်းမိတော့မှာ့ပါ appa စိတ်မပူပါနဲ့

mr jeon: aa ဒါနဲ့ ထယ်ယောင်းနဲ့ယွန်းတို့ကော သတိရလာကြပြီလား


nj: မရသေးဘူး appa ဒါပေမဲ့သူတို့ကဆိုးရိမ်စရာမရှိတော့ပါဘူး ဆရာဝန်ကလဲအားဆေးသွင်းပေးထားတာမို့ မကြာခင်သတိရလာကြတော့မှာပါ


jk: appa.        hyung.    


  ကုတင်ပေါ်ကဂျောင်ဂုကသတိပြန်ဝင်လာကာ သူတို့ကိုလှမ်းခေါ်နေတာမို့ နမ်ဂျွန်းနဲ့ mr jeon တို့လဲ ဂျောင်ဂုအနားသွားလိုက်ကာ ထထိုင်ရန်ပြင်​နေတဲ့ဂျောင်ဂုကို ဝိုင်းကူပြီးကုတင်မှာ မှီစေလိုက်သည်




mr jeon: သားငယ် သက်သာရဲ့လား တစ်နေရာရာကနေ ဆိုးဆိုးရွားရွားနာနေတာမျိုးရှိလား သားကြီးဆရာဝန်ကိုခေါ်လိုက်ပါအုံး


nj: ဟုတ်ကဲ့ appa

jk: hyung မခေါ်ပါနဲ့ ကျွန်တော်အဆင်ပြေပါတယ် ထယ်ကောဟင်


nj: ထယ်ယောင်းကဘေးခန်းမှာဂျောင်ဂုရဲ့ သူလဲမကြာခင်သတိရလာမှာပါ မပူပါနဲ့ ထယ်ယောင်းတို့ကမင်းလောက်မထိခိုက်ထားပါဘူး


Him Or Her(Completed)Where stories live. Discover now