'~တီတီ ~~တီတီ~~တီ
......'တတီတီမြည်နေသော နှိုးစက်အသံတို့ဟာ တစ်ခဏ အကြာမှာတော့တိတ်ဆိတ်သွားလျှက်သားပင်။ ထိုအခါမှ မျက်လုံးလေးများအား လက်ချောင်းသွယ်သွယ်လေးတို့ဖြင့် ပွတ်လျှက် ပြီးသည်နှင့် ဖူးပွင့်ကာချိုမြသောနှုတ်ခမ်းတို့ထက်တွင် လက်ဖျံတို့ဖြင့် ဖုံးအုပ်ရင်း ဝှါးးး တစ်ချက်သန်းကာ၊ မျက်စိအစုံတို့မှာ အရှေ့ဘက်ပြတင်းပေါက်တို့ရှိရာစီ လှမ်းကြည့်ရာ စိုစွတ် နီရဲလှသော နှုတ်ခမ်းဖူးဖူးတို့မှာ အနည်းငယ်ပြုံးသယောင်သန်းလျှက်ဖြင့် တိမ်တွေကြားမှ ထိုးထွက်လာသော နေမင်းကြီးအားအပြုံးလေးတို့ဖြင့် စီးကြိုလိုက်သည်နယ်။ထို့နောက် ကုတင်ထက်မှမဆင်းသေးပဲ လက်တို့က ဖုန်းစီကိုဦးတည်လျှက် ဖုန်းscreenအားကြည့်လျှက်ချက်ချင်းပင်
"အမေ့ ... မီးပျက်သွားတာလား"
"မန္တလေးကမီးက ဘယ်တုန်းကများမှန်လို့လဲ"
ဒါလဲ ဟုတ်သည်ဟူ၍ပြောရင်မှန်လိမ့်မည်။ 24နာရီမီးပေးလျှင် 23နာရီလောက်က မီးပျက်နေတာပင်၊ တခါတခါဆို ထမင်းအိုးတည်နေတုန်းမီးပျက်တာနှင့်တိုးလျှင် ထမင်းတွေမှာ မနပ်တနပ်တွေသာဖြစ်ရကုန်တော့သည် ထို့ကြောင့် Gas မီးဖိုများဆောင်ထားရသည်လေ။ပြီးနောက် မိခင်ဖြစ်သူမှ အောက်ထပ်လှေကားနားလောက်ကနေလှမ်းအော်လျှက်
"နိုးနေရင်လဲ မျက်နာသစ် ရေချိုးပီးအောက်ဆင်းလာတော့သား ..မနက်စာပြင်ထားတယ် ဒီနေ့ ကွန်ပြူတာသင်တန်း သွားရမှာမဟုတ်လား မြန်မြန်ဆင်းလာခဲ့တော့ "
"ဟုတ် ..ဟုတ်..."
ထိုမှသာ ကပန်းကတန်း ထလျှက် မိခင်ဖြစ်သူ၏စကားအား လှမ်းဖြေရင်းရေချိုးခန်းထဲသို့ တန်းလို့နေအောင်ပြေးသွားတော့သည်။ဟုတ်သည် ဒီနေ့ လင်းသက် အလုပ်ရတဲ့နေ့ပင်ဖြစ်သည်။ ကွန်ပြူတာသင်တန်းမှာ တက်သည့်ကလေးတွေကို သူကတဖန် အနီးကပ် နီးပြ အဖြစ်သင်ပြပေးရမှာဖြစ်သည်။သင်တန်းသားတွေကလဲ အထက်တန်းကျောင်းသားများပင်ဖြစ်၍ သင်ယူရ ပိုလွယ်ကူမည်။အရင်တစ်ပတ်ကျော်လောက်ကထဲက အင်တာဗျူးဖြေထားတာ မနေ့ကမှသူ့စီဆက်သွယ်၍ အင်တာဗျူးအောင်ကြောင်းလှမ်းအကြောင်းကြားခဲ့တာဖြစ်သည်။ထိုစဥ်ဖုန်းခန ရပ်ပြောကာ အကျိုးအကြောင်းမေးပြီး တာနဲ့ စက်ဘီးကိုနင်းကာ အိမ်သို့အပြန် လမ်းကွေ့တစ်ခုမှ ထွက်လာတဲ့ကားကြောင့် ပျော်နေတဲ့စိတ်အဆုံတို့မှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ရတော့သည်။

YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...