စက်ဘီးကိုပင် စီးမသွားတော့ပဲ တွန်းလျှက်သားနဲ့အိမ်ကိုပဲပြန်လာခဲ့လိုက်သည်။ လင်းသက် တို့မိသားစုဟာ အသင့်အတင့်နေနိုင်ပြီး ချောင်လည်တဲ့ မိသားစုမျိုးထဲမှာပင်ပါသည်၊ တအားကြီး ကြပ်တည်းပြီး ဒုက္ခရောက်နေသည့်အထဲလဲမဟုတ် ကြီးကြီးတက်ချမ်းသာနေသည်လဲမဟုတ်ပေသူ့ဟာနဲ့သူတော့ အသင့်အတင့်အဆင်ပြေလှသည်။ လမ်းကြားလေးထဲအတိုင်း စက်ဘီးလေးတွန်းကာ ဆင်းလာလျှက် ဖျောက်စိပ်ရိပ်လေးများရှိရာ အေးချမ်းသောခြံဝန်းလေးစီသို့ဦးတည်ကာ လာနေသည်မှာ စောနက မျက်နှာထားနှင့်ပင်မတူစွာ တည်ကြည် အေးချမ်းလျှက် ခပ်ပြုံးပြုံးလေးနဲ့သာပင်။ စက်ဘီးလေးကိုသစ်ပင်မှာ ကပ်လျှပ် ရပ်ထားလိုက်ပြီး အိမ်ရှေ့တံစပ်မြိတ်ရှိ(ခွေးကထစ်_တစ်နည်းအားဖြင့်လှေကားထစ်အသေးစားလေး၂ထပ်ပါ)
ခွေးကထစ် ပေါ်သို့ ဖိနပ်များကိုချွတ်လျှက် အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်ဦးခန်းထဲမှ ထိုင်နေသည့် မိခင်ဖြစ်သူအား သားပြန်လာကိုမြင်သည်နှင့်မျက်နှာထက်မှာအေးမြသောအပြုံးများဖြင့်ပြုံးပြလျှပ်၊ တစ်ခဏ မကြာ ထိုအပြုံးများကပျောက်ရှလျှက် စိုးထိတ်နေသည့်ပုံရိပ်တို့အား မိခင်မျက်နှာပေါ်ထက်တွင် အထင်းသား ..
"ဟင် ..သား ဒူးကသွေးထွက်နေပါ့လား ၊ သားလမ်းမှာဘာဖစ်လာတာလဲ မေမေ့ကိုပြောစမ်းသား၊ ရန်ဖစ်လာတာလား၊ ရန်ရှာခံရတာလား သား၊ ဘလိုဖစ်တာလဲ"
မိခင်ဖြစ်သူမှာ သားလေးကိုငယ်ငယ်လေးကထဲက အလွန်ဂရုစိုက်လွန်းပြီးချစ်တာကြောင့် တစ်ခုခုဆို စိုးရိမ်နေရသည်နှယ် နောက်ပြီး ဖခင်မရှိတော့တဲ့နောက်ပိုင်း သူမမှာ ပိုလို့ပင် အဖြစ်သည်းရလေသည်။ မြင်မြင်လိုက်ရခြင်း အပြုံးတို့မှာမကြာလိုက် တစ်ခဏခြင်း စိုးရိမ်တကြီး မေးလာသော မေးခွန်းတို့မှာပင် များလှသေး၊ ဘယ်ကနေဘလိုစဖြေရမှန်းတောင်မသိလိုက်ရပေ။
" ဟို .. လမ်းထိပ်က အကွေးနားမှာ နည်းနည်း မတော်တဆ ဖြစ်လာတာပါ သားဘာမှမဖြစ်ပါဘူး မေမေရဲ့ "
"ဘာကို ဘာမှမဖြစ်တာလဲသား .. ဒူးမှာသွေးထွက်နေတာက ဘာမှမဖြစ်တာလား "
YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...