တီ..တီ..
အိမ်ရှေ့သို့ဆိုက်ရောက်လာသည့် ကားအနက်လေးတစ်စီး။ ဒေါ်မြသက်ချိုတစ်ယောက် ပန်းပင်တစ်ချို့ကိုရေလောင်းရင် လှည့်ကြည့်မိရာ မတော်ရသေးသည့် သမက်ကလေးပင်ဖြစ်နေလသည်။ မြင်တွေ့ဖူးသည့်အခေါက်တိုင်း All Black နှင့်ဖြစ်ကာလူကြီးပုံပေါက်သည့်သူက ယခုအခါတွင်တော့ ဂျင်းနက်ပြာလေးနှင့် T shirt အဖြူ နှင့်အပေါ်လက်တို အနက်ရောင်လေးကိုတွဲဖက်ဝတ်ထားတော့လဲ သားနဲ့ရွယ်တူလားတောင် ထင်မိစရာပင်ဖြစ်သည်။ ဒီကလေး အိမ်ထဲစရောက်လာကထဲက သားငယ်လေးကိုလိုက်ရှာနေသည့် မျက်ဝန်းတွေက ဂနာမငြိမ်။ သဲသဲကဲကဲ အတွဲတွေ ပိုကိုပိုတယ်။
အခြေအနေသိကာ စကားစလိုက်သည့် ဒေါ်မြသက်ချို..။
"သားလွှမ်းလေး.. သားငယ်လေးက မနိုးသေးဘူးကွဲ့"
"ဟုပ်ရပါတယ်ဗျ..ကျနော်စောင့်လိုက်ပါ့မယ် "
သားတော်မောင်အကြောင်း မသိသေးသည့် လွှမ်းဆက်အစား ဒေါ်မြသက်ချိုတစ်ယောက်ခေါင်းသာ ရမ်းလိုက်တော့သည်။ ဒီကာလနဂါးလေးက အလုပ်ပိတ်ဆို မနှိုးမချင်း ထ မည်မဟုပ်ပေ။ ဒါကို စောင့်မယ်ဆိုကာ ဇွဲကောင်းနေသည့် လွှမ်းဆက်ကို ဒေါ်မြသက်ချို သနားသရောင်မျက်လုံးများဖြင့်ကြည့်လျှက်..
"သားစောင့်နေရင် နေ့တစ်ဝက်ပဲကျိုးလိမ့်မယ် ထ လာမယ်မထင်ပါဘူးကွယ်၊ အပြင်သွားစရာရှိရင် အခန်းထဲကို သွား နှိုးချေလေ သားရဲ့.. "
"Mum ရဲ့သားလေးက အအိပ်ပုတ်လေးပေါ့၊ ကျနော် သွားနှိုးလို့ရတယ်ဆို ကျနော်တက်သွားလိုက်မယ်နော် "
"သွား သွား နှိုးချေအုံး၊ ကောင်းကောင်းမထရင် ရိုက်သာနှိုးခဲ့သားရေ အဲ့အိပ်ပုတ်ကို.. "
"ဟုပ်ကဲ့ Mum"
လွှမ်းဆက်တစ်ယောက်အပေါ်ထပ်သို့တက်သွားကာ ကောင်လေး၏ အခန်းရှေ့၌ ရပ်၍ တံခါးလေးအား ခေါက်လိုက်သည်။
* ဒေါက်.. ဒေါက်.. ဒေါက် *
*.............*
အတွင်းမှပြန်ဖြေသံ မည်သို့ပင်မကြားရ။ တိတ်ဆိတ်မြဲပင်ဖြစ်သည်။ထို့နောက် တံခါးလေးအားဆွဲဖွင့်ကာ အခန်းအတွင်းသို့ဝင်သွားလိုက်ရာ အဝတ်အစားမဝတ်ထားသည့် အပေါ်ပိုင်းကိုယ်ဗလာလေးနှင့်အိပ်နေသည့် စောင်ပုံထဲမှ ကောင်လေး။ အောက်ပိုင်းကိုတော့ စောင်ဖုံးအုပ်ထားသည်မို့ ဘာမှမမြင်ရနိုင်။ အပေါ်ပိုင်းကတော့ အဝတ်အစားဗလာနှင့်သာဖြစ်တော့သည်။ လွှမ်းဆက် သေချာကြည့်လျှက် လည်ချောင်းတို့မှာ တံတွေးတစ်ချက်မြိုချမိလျှက်သားး..

YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...