မင်းထက်ဝဏာတို့ စီးပွားရေးလောကမှာမနပ်သေးဘူးပဲ။ လွှမ်းဆက်မဟာဆိုသည့် သူကို ရှော့မတွက်မိအောင်နေရင်း တစ်ကွက်ခံလိုက်ရပြန်ပီ။ အခုချိန်ဆို တစ်ခြားတစ်ဖက်တွင်တော့ *တောက်* တခေါက်ခေါက်နဲ့ သူ့လူတွေကို အပြစ်ဒဏ်ပေးနေလောက်ပီထင်ပါရဲ့။ ဟုတ်သည်လေ လွှမ်းဆက်သိတာပေါ့ လွှမ်းဆက်မဟာကို တစ်ခါ စ မိလိုက်သည်နှင့် စိန်ခေါ်သည့်သဘောပဲဆိုတာ။ အကွက်ကျကျ မြင်တက်သည့် လွှမ်းဆက်ကတော့လမ်းကြောင်းမှာဖြတ်ခုတ်ဖို့ချောင်းနေသည်ကို ပြေးကြည့်တာထက် တွေးကြည့်ရင် ပို၍အရှင်းသားမြင်နေရသည်လေ။
ဒါကြောင့် အစောကထဲက ပစ္စည်းကို တခြားတောလမ်းဘက်ကိုပြောင်းကာ ပင်မ လာသည့်လမ်းပေါ်ရှိကားပေါ်တွင်တော့ စက္ကူထုပ်များပတ်ထားသည့် ကျောက်ခဲကြီးများသာပါလာတော့သည်။ အရဲကိုးလွန်းတဲ့ ဒီကောင်တွေကို နည်းနည်းတော့ လက်ဆောင်ပေးဖို့လိုသည်မဟုတ်လား။ထိုစဥ် အိတ်ကပ်ထဲရှိဖုန်းလေးမှာ တုန်ခါလာကာ တတီတီမြည်လျှက် ..
"hello .. boss"
"ပြော .. ဇေယံ "
" boss စီစဥ်တဲ့အတိုင်း အကုန်ရပါပီboss .. စုစုပေါင်းကတော့ ဒီမှာ 10ယောက်ရှိပါတယ် boss"
"အင်းး .. အဲ့10ယောက်လုံးကို မင်းထက်ဝဏာ စီလက်ဆောင်ကြီးကြီးလေးဖြစ်အောင်ပို့ပေးလိုက် ..အဟက် .. မသေစေနဲ့အုံး "
"ဟုတ်ကဲ့ပါ boss"
ခပ်ဟဟ တစ်ချက်ရယ်ကာ ဖုန်းတစ်ချက်ချလိုက်ကာ ရှည်လျားသွယ်လှသည့် ခြေတံတို့အား ခပ်မတ်မတ်ချိတ်ထိုင်လျှက် ခပ်ပြင်းပြင်းဝိုင်တစ်ခွက်ကို ဇိမ်ပြေတပြေဖြင့် ဖန်ခွက်ကလေးအား အနည်းငယ်လှုပ်သည်မျှလှည့်ကိုင်လျှက် တင်းရင်းခိုင်ခံ့လှသော ရင်ဘက်ကြွက်သားတို့ပေါ်ရှိ အင်္ကျီကြယ်သီးတို့အား ၃လုံးခန့်ဖြုတ်လျှက် ခပ်ညို့ညို့ ဝိုင်တို့အား သောက်နေသည်မှာ စွဲဆောင်မှု့အပြည့်၊ ဟုတ်သည်လေ ယောကျာ်းတစ်ယောက်ရဲ့ စွဲဆောင်နိုင်ဆုံးအချိန်က အရက်သောက်နေချိန်နဲ့ ရေချိုးပြီးကာစ အချိန်တဲ့။အနက်ရောင်ဆေးလိပ် တစ်လိပ်အား ရှည်လျသည့်လက်ချောင်းများတွင် ညှပ်လျှပ် အနည်းငယ် ညို့နေသည့်နှုတ်ခမ်းပါးတို့ထက်တွင် မာန်ပါပါဖြင့်ရှိုက်ဖွာနေရင်း တတီတီမြည်လာသည့် ဖုန်းသံကြောင့်ကြည့်မိရာ Screen ပေါ်နေသည့် nameကို တစ်ချက်ကြည့်ကာ ဖုန်းကိုင်လျှက်

YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...