မဂ်လာဆောင်မည့်နေ့တွင်...
အခန်းအတွင်း၌ မျက်နှာလေးကိုကြည့်ကောင်းသထက်ကြည့်ကောင်းအောင်ပြင်ခိုင်းနေသည့် ထိုလူကြီးက သူ့ကလေးငယ်ကိုပြင်ဆင်ပေးတာကိုထိုင်ကြည့်နေကာ မျက်တောင်မခတ်စတမ်းပင်။ လွှမ်းဆက်ကတော့အစောပိုင်းကထဲက ပြင်ဆင်ပြီးတာမို့ ကလေးအနားမျော့လိုသာကပ်၍နေတော့သည်။ ခဏအကြာ အဝတ်အစားလဲခန်းထဲသို့ ဝင်သွားသည့်ကလေးငယ်နောက်သို့လိုက်ဝင်သွားကာ။
"ဦး..ဘာလာလုပ်တာလဲ.. ကလေးအဝတ်အစားလဲမလို့လေ"
"အင်းလေ..လဲလေ..ဦးကြည့်ချင်လို့ "
"ဟင်..ဘာ..ဘာကိုကြည့်ချင်တာလဲ၊ မကြည့်ရပါဘူး"
"ကလေး မကြည့်ခိုင်းလဲ ဦးကအကုန်မြင်ပြီးသား၊ ညကျရင်လဲ တစိမ့်စိမ့်ကြည့်အုံးမှာ အဟက်..!!"
ပြီတီတီရုပ်ကြီးဖြင့်အနားကပ်လာကာ နားနားသို့လေသံဖြင့်ဆိုလာသည့်စကားကြောင့် လင်းသက် တစ်ယောက် နားဖျားလေးတွေပါနီလာရတော့သည်။အရှက်သည်းသည့်ထိုကောင်လေးအား လွှမ်းဆက် အူတွေယားကာ အမြဲစချင်မိသည်။ သို့ပေမဲ့ ညကျရင်တော့ တကယ်ကြည့်ပြီးလုပ်တော့မှာပင်..။
"လာ.. ဦးတက်ပေးမယ် ..မော့ထား "
"အွန့်..!"
လည်ပင်းနားရှိ စတစ်အကျီကော်လံ၌ကြယ်သီးလေးအားတက်နေတာ မရသဖြင့် ထိုလူကြီးက တက်ပေးမည်ဟုဆိုကာ ခေါင်းမော့ထားဆိုလို့မော့လိုက်ရာ ချက်ချင်းပင် ခပ်အေးအေးနှုတ်ခမ်းအစုံက နှင်းဆီဖူးနှုတ်ခမ်းလေးပေါ်သို့ ဖိကပ်စွာကျရောက်လာတော့သည်။ ကြင်ကြင်နာနာဖြင့်နမ်းရှိုက်သည့်အနမ်းလေးတွေ ရင်ခုန်စဖွယ်။နှုတ်ခမ်းလွှာလေးကို ညှင်သာစွာ နမ်းနေသည့် ဦး အနမ်းတွေက တဖြေးဖြေးနှင့်အားပါလာတော့သည်။ ထို့ကြောင့် လက်ကလေးဖြင့် ပုတ်ခါ ရင်ဘက်အစုံကိုတွန်းထုတ်လိုက်မှ ရပ်ပေးတော့သည်။
"ဦးနော်..လူကိုအသားလာယူနေတယ် "
"ဟုတ်လား..ငါ့ကလေးကိုဘသူကအသားယူတာလဲ ဘယ်ကောင်လဲပြော..ဦးသွားရှင်းပေးမယ်"
"ဒီလူကြီးပေါ့..ဒီလူကြီး"
လက်ညိုးလေးဖြင့် လွှမ်းဆက်၏ရင်ဘက်ကြီးကိုခပ်ဖွဖွလေးထိုးကာ မျက်စောင်းခဲလေးအားထိုးရင်းပြောလိုက်သည့်ကောင်ငယ်လေး။ လွှမ်းဆက်မှာ အချစ်ပိုရသဖြင့် အကောင်ပေါက်လေးအား ရင်ခွင်ထဲသို့ဆွဲသွင်းကာဖတ်လိုက်တော့သည်။အဝတ်အစားဝတ်ပြီးသည်နှင့် လွှမ်းဆက်တစ်ယောက်သူ့ရှေ့မှကောင်လေးကို ကြည့်လိုက်တော့သည်။ပုဆိုးလေးနှင့်စတစ်အကျီလေးကိုတွဲဖတ်ဝတ်ထားသည်က ရိုးရှင်းသည့်အလှလေးလိုမျိုးသာ..ကြည့်လိုပင် မဝတော့။ ဒီအချစ်ကလေးကို အူတိုလွန်းလို့ ပါးစပ်ထဲတောင်ငုံထားလိုက်ချင်တယ် ။
YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...