Ep 15.story

363 16 1
                                    

စတီခုံပေါ်တွင် ကျကျနနထိုင်​နေကာ လက်ချောင်းများကြားထဲတွင်တော့ စီးကရက်ကို ညှပ်ထားသေးသည်။  မျက်ဝန်းတို့မှာ အခုထိအလိုမကျဟန်တူသည် စားပွဲပေါ်ရှိ ပုံတစ်ပုံကို ကောက်ကိုင်လျှက် နင့်နင့်စူးစူး ပြုံးမိလေသည် ၊ ထိုမျက်ဝန်းတို့မှာ တစ်ယောက်သောသူနှင့်နီးတူ အေးစက် ခက်ထန်သည်။ ဦးတည်ချက်သည်သာ တစ်ခုထဲပင် ဖြစ်ချေမည်။ ခဗျားကို ကျုပ်ဘယ်တော့မှ အရှုံးမပေးဘူး ....

" ခဗျား အတွက််နောက်ထပ်တွေ့ဆုံမှု့လေးတွေ ယူလာပေးမယ် လွှမ်းဆက်နိုင်..... မင်း.. ခံနိုင်ရည်ရှိအောင် ကြိုးစားထား ..  ... "

ထို့နောက် လက်ထဲရှိပုံလေးအား နောက်တစ်ဖန်ပြန်စိုက်ကြည့်ပြန်သည်။ စီးကရက်ကို အားမာန်အပြည့်နှင့် ရှိုက်ဖွာလိုက်ကာ ၊ အငွေ့တွေကို တဖန်ထုပ်စေသည်။ လက်ထဲရှိပုံလေးကိုတော့ တင်းနေအောင်ဆုပ်ကိုင်ထားကာ မပြဲယုံတစ်မယ်သာ.....
.
********
.
.
.
.
အိပ်ယာထက်တွင်တော့ ဟိုလိမ့် ဒီလိမ့်နှင့် ဂနာမငြိမ်ဖြစ်နေသော ကောင်လေးတစ်ယောက်။မေမေနဲ့ ညနေ ညစာစားပီးကထဲ အပေါ်ထပ်အခန်းကို အပြေးသွားကာ ကုတင်ထက်တွင် ဂနာ မငြိမ်... ။ ဝရန်တာဘက် လမ်းရှောက်လိုက် ၊ ကုတင်ပေါ်အိပ်လှဲလိုက် ၊ စားပွဲနားသွားထိုင်လိုက်နှင့် အကြည့်တို့ကတော့ ကုတင်နံဘေးက ခုံပေါ်တွင် တင်ထားသည့် ဖုန်းလေးစီမှာ ပင် ။ ထိုစဥ် ဖုန်းမြည်သံလေး တစ်ခု မြည်လာတော့သည်။ အပြေးလွှားသွားကြည့်မိကာ.. ချက်ချင်းပင် ပြုံးသွားသည့် ကောင်ငယ်လေး...

တစ်ဖက်တွင်တော့ ကြားနေကြအသံပိုင်ရှင်ရဲ့အသံသည် ဩရှရှနှင့်သာ ...

* hello.. ကောင်လေး *

*ဟုပ်.. ဦး.. ဆက်*

* ကျစ်** ..လူကြီးလို့ခေါ်ပါဆိုကွာ *

*ဟင့် ..*

*ဘာဖြစ်လို့လဲ.. ကောင်လေး..၊ ကောင်လေး ငိုနေတာလားဟင်၊ ကိုယ့်ကိုပြောစမ်းပါကွာ..  *

*ခဗျားကြီးက ဘာလို့ လာအော်နေတာလဲ... အဟင့် *

*ကိုယ်..ကိုယ်အဲ့လိုမရည်ရွယ်ပါဘူး.. ကိုယ်တောင်းပန်ပါတယ်ကွာ.. နော် *

* အဟင့်.. ဟင့်.. *

တူ.. တူ..တူ..တူ! !!

တစ်ဖက်တွင်တော့ ဖုန်းကျသွားပီဖြစ်သည်။ ငိုနေတဲ့ကလေးငယ်တစ်ယောက် ကြောင်စီစီဖြင့်သာ ကျန်ခဲ့ရတော့သည်။

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now