Ep 21.story

330 9 0
                                    

လမ်းမထက်ပေါ်သို့အရှိန်မှန်မှန်ဖြင့်မောင်းနှင်လာသော ကားလေးတစ်စီး။ ထိုကားလေးထဲတွင်တော့ အိပ်ပျော်နေသည့်ကောင်လေးတစ်ယောက်နှင့် ကားကိုမောင်းနှင်ရင်းနှင့်ပင် နံဘေးရှိအရိပ်ကလေးအား တကြည့်ကြည့်နှင့် ငေးကြည့်နေသော လူတစ်ဦး။ ကမ်းနားလမ်းဘေးတွင်တည်ရှိသည့် သီးသန့် Coffeeဆိုင်လေးတစ်ဆိူင်ထဲသို့ဝင်သွားလေသည့် ကားအနက်ရောင်လေး။Coffeeဆိုင်လေးက တိတ်ဆိတ်ငြိမ်သက်ကာ လူအရမ်းမရှုပ်သည့် သီးသန့်Coffeeဆိုင်လေးပင်ဖြစ်သည်။ ကားကိုနေရာတကျ ရပ်ပြီးသည်နှင့် ကားပေါ်မှ ထိုလူကြီးက ကောင်လေး၏ လက်တို့ကိုကြင်ကြင်နာနာဆွဲကိုင်လျှက် သီးသန့်စားပွဲဝိုင်းလေးရှိရာသို့ နေရာယူလိုက်သည်။ သူတို့ဝင်သွားသည်နှင့် တစ်ပြိုင်နက် မကြာခင် ထိုcoffeeဆိုင်ထဲသို့ နောက်ထပ်ကားအဖြူရောင်တစ်စီး ဝင်ရောက်လာတော့သည်။ ထိုသူက ကားကိုရပ်၍ ကားပေါ်မှ မဆင်းသေးဘဲ ညာဘက်လက်ညိုးအား ကားစီယာတိုင်နှင့် တတောက်တောက်မည်အောင် ခေါက်နေတော့သည်။ ထိုသူ၏ လက်ညိုးတွင် ငွေရောင်နဂါး ပုံသဏ္ဍာန်လက်စွပ်တစ်ခုပါပြီး ဤလက်စွပ်သည် သူ၏ လက်ကို ရန်သူသဖွယ်ရစ်ပတ်ထားသည့် ပုံစံ....။ ထို့နောက် မျက်ဝန်းထဲ၌ အကြည့်တိူ့မှာလဲ စူးရဲလှသည်။ အတွင်းထဲရှိ မှန်ဘောင်နံဘေးနား ၌ ထိုင်နေကြသည့် ထိုလူသားနှစ်ဦး ။

"baby ရယ် ဘလိုစားနေတာလဲကွာ၊ ကလေးကြနေတာပဲ..ပေပွကုန်ပီကြည့်အုန်း "

"အွန့် ...သုပ်ပေးလိုက်ပေါ့လို့"

"ဟားဟား.. အတက်လေးပဲ၊ babyမပြောလဲဒီကကောင်က သုပ်ပေးမှာပါဗျာ "

"ဟီးးး"

အဲ့ကောင်လေးနှုတ်ခမ်းထက်ရှိပေကြံနေသည့်မုန့်တို့ကို တီရှူးဖြင့်လှမ်းသုပ်ပေးနေသည့်ထိုလူ ။ ဖုန်းကိုထုပ်ယူကာထိုမြင်ကွင်းအား မိမိရရရိုက်ထားမိလိုက်သည်။ထို့နောက် ကားစီယာတိုင်ထက်ရှိ လက်သီးတို့ တည်တင်းသွားလျှက်..၊ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ဆိုင်အတွင်းထဲရှိ ထိုလူသားနှစ်ယောက်ကတော့ သိမည်မထင်။ ထို့နောက် ဤကားအဖြူလေးသည် Coffeeဆိုင်ဝန်းအတွင်းမှ မောင်းထွက်သွားလေတော့သည်။ တစ်ဆက်ထဲ ထိုကားလေးမောင်းထွက်သွားသည်နှင့်လွှမ်းဆက်၏ အကြည့်တို့ ထိုနေရာသို့လှမ်းကြည့်လျှင် နှုတ်ခမ်းတွန့်ယုံမျှ တစ်ချက်ပြုံးလိုက်သည်။ မင်းက မရိုးရှင်းဘူးဆိုတာ ငါသိတာပေါ့။ ငါ့လိုလူကိုရှော့တွက်ရင် မင်းမှားသွားမယ်..။နံဘေးရှိ ကောင်ငယ်လေးကတော့ ဘာမှသိလိုက်ဟန်မပေါ်...

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now