~ ဒေါက် ဒေါက် ဒေါက် ~
"ဝင်ခဲ့"
"ဦးဆက် .."
"အင်းး "
"ဟို.. ဟိုလေ... "
"အင်း.. နားထောင်နေတယ် ဆက်ပြော "
"ဟိုလေ... ဟို... သားး.."
" ဟေ့ကောင်.. စကားကို တစ်လုံးချင်းလာစီချနေတာလား ပြောစရာရှိတာပြော ငါသိပ်မအားဘူးကွ "
တကယ်ပင်လဲ မအားတဲ့လွှမ်းဆက်နိုင်တို့ လုပ်လက်စ စာရင်းတွေကြည့်ရင်း ရှိုင်းဆက်ပြောမည့်စကားတို့ကိုလဲ နားထောင်ပေးရသည်။ဒါကို ပြောမဲ့ကိုယ်တော်ချောက စကားထစ်အ ထစ်အနဲ့။ မျက်ခုံးအနည်းငယ်တွန့်ချိုးကာ ရှိုင်းဆက်ဘက်လှည့်ကာကြည့်ပီး ပြောတော့မှ အရှေ့က ချီးထုပ်လေးက မျက်နာစပ်ဖြဲဖြဲနဲ့စကားတို့ စတော့သည်။
" ဦးဆက်ရဲ့ မစ်ရှင် အောင်ရင် သားတောင်းတဲ့ဘယ်အရာမဆို လိုက်လျော ပေးမယ်လို့ ဦးဆက် ကတိပေးထားတယ်နော် "
"အဲ့တော့ ဘာဖစ်လို့လဲ"
"ဟီးဟီး ဘာမှဟုတ်ပါဘူး ဦးဆက် ကတိကိုမေ့မှာစိုးလို့ သတိပေးထားတာ "
လွှမ်းဆက်နိုင်တို့တော့ မျက်ခုံးခပ်လှုပ်လှုပ်ပင်။ မောင်မင်းကြီးသားက ဘာတွေတောင်းမလို့ ဒီလောက်စကားပုလ္လင်ခံနေလဲမသိ။
" အောင်မယ်..မင်းကများ ငါ့ကိုသတိပြန်ပေးရသေး၊ လူကြီးကတိ ဟေ့ကောင်၊ ဒါပေမဲ့ မယုံရင်တော့လဲ ခုကထဲက ကိစ္စရပ်လို့ရတယ်နော် အဟင်း. "
"ဟာ.. ဦးဆက်ကလဲ အဲ့လိုလုပ်လို့မရဘူးလေ "
"အဲ့တာဆို ဘာလို့ လာမေးတုန်းကွ "
"ဟီးဟီး ဘာမှဟုတ်ဘူးရယ်.. "
စပ်ဖြဲဖြဲရုပ်နှင့် ဖြီးပြနေသော ငမျောက်ကိုကြည့်ရင်း တကယ်ပင် မျက်ခုံးတွေလှုပ်နေပီ။ ပြောချင်ရာပြောပီးတာနဲ့ တန်းလှည့်ထွက်သွားသော မျောက်ကြောင့် မျက်ခုံးတစ်ဖက်ပင့်ကာ နားမလည်နိုင်သလို ကျန်ခဲ့ရသူမှာ လွှမ်းဆက်နိုင်သာ။ ပြီးသည်နှင့် အလုပ်ဆက်လုပ်မယ်ကြံကာ ရွယ်တော့ မျက်လုံးထဲမှာ ဖြူဖြူဖွေးဖွေးကောင်လေးက နေရာယူပြန်သည်။ ညနေက မြင်လိုက်ရတဲ့ ပုံစံလေးအတိုင်း လွှမ်းဆက်နိုင်မြင်ယောင်နေမိတာ။အသဲယားဖွယ် နှုတ်ခမ်းလေးတို့အား မထိရက်စရာနိုင်အောင် လှလွန်းလေသည်။ မိုးပြာရောင်အကျီလေးဝတ်ထားသောကောင်လေးသည် ချစ်စရာကော်အရုပ်လေးလိုပင်။ထိုအရုပ်လေးကိုငါတစ်ယောက်ဘဲ ပြိုးထောင်ပေးမယ်၊ငါတစ်ယောက်ထဲပဲအပိုင်းသိမ်းမယ် ကောင်လေးး....
YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...