Ep 19.story

437 11 2
                                    

ညနေ အလုပ်ဆင်းခါနီးအချိန်ဖြစ်သည်မို့ လင်းသက်တစ်ယောက် အောက်ထပ်သို့ သာဆင်းလာခဲ့တော့သည်။ မဟုပ်ရင် ဟိုလူကြီးက အပေါ်ထိလိုက်လာမည်ကို ကြိုနေတော့သည်။ အရင်တစ်ပတ်လောက်က အောက်ကို ဆင်းလာတာကြာလို့ဟု ဆိုကာ အပေါ်ထိလိုက်လာခြင်းပင်ဖြစ်သည်။ ရုံးအတွင်းမှ လူများမှာ ထိုလူကြီး၏ လင်းသက်ကိုကြည့်နေသော အကြည့်အစုံတို့ကို အားလုံးမြင်လိုက်ရတော့သည်။ ပြီးသည်နှင့် လက်လေးကို ခပ်ဖွဖွဆွဲကိုင်လျှက် အောက်ထပ်သို့ဆင်းသွားလေတော့သည်။ ကျန်ရှိနေရစ်ခဲ့သည့် မိန်းခလေးတစ်ချို့မှာတော့ "အားးးး" ဟုအော်ကာ bl အတွဲဟဲ့ ဟုလည်းဆိုကြ ကုန်တော့သည်။ သို့ပေသည့် ထိုမြင်ကွင်းကိုမြင်ရသည့် ကောင်းမင်းတည် တစ်ယောက် အပျော်ကြီး မပျော်နိုင်မှာ အသေချာပင်။

အောက်သို့ရောက်ခါနီးလှေကားထစ်နားတွင်တော့ ကောင်လေး၏ လက်တစ်ဖက်ကို ဆွဲကိုင်လာသည့် ကောင်းမင်းတည်...

"ညီ.."

"...."

"ခဏလေး နေပါအုံးကွာ ညီ ကိုယ်လေ ညီ့ကိုစကားပြောချင်လို့ပါ "

"ကောင်း..ကျနော် ကောင်းကို အဲ့နေ့ကထဲက ကျနော့်စိတ်သဘောထားကို ပြောပြပြီးပါပီ ထပ်ပီးမနှောက်ယှက်ပါနဲ့ "

"ကိုယ်..ကိုယ်က ညီ့ကို နှောက်ယှက်တာမဟုပ်ပါဘူး ကိုယ်တောင်းပန်ပါတယ် "

ကောင်းမင်းတည် တစ်ယောက် ထိုကောင်လေး သူ့အားမုန်းတီးသွားမှာကြောက်မိသည်။ မပိုင်ဆိုင်ရသော်လည်း ကိုယ့်အချစ်တွေကို ညီ့ ကိုတော့ သိစေချင်ခဲ့မိလို့ ရင်ဖွင့်ဆိုခဲ့ခြင်းပါ ညီရယ်.. ကိုယ်ရယူပိုင်ဆိုင်ဖို့အထိတောင် မတွေးဝံ့ပါဘူး

"ဟုပ်ပြီ အဲ့ကိစ္စတွေကို ထားလိုက်တော့ ကောင်း၊ ငါဘာမှမပြောချင်တော့ဘူး၊ ပြီးတော့ ငါတို့ရဲ့ခင်မင်မှု့မပျက်ချင်ရင် အပြုအမူ ဆင်ခြင်ပေးပါ ၊ ငါ့အပေါ်ရိုးသားပေးပါ ကောင်း၊ စိတ်နဲ့ပဲဖြစ်ဖြစ် စကားနဲ့ပဲဖစ်ဖြစ် "

"ကိုယ်သိပါပြီ "

"ငါပြန်ပီ ကောင်း ၊ "

စကားတို့ကို ခပ်မြန်မြန်အပီးသတ်ကာ အောက်ထပ်သို့ဆင်းအလာတွင်တော့ တံခါးပေါက်နားအရောက်တွင် အပေါ်သို့ တက်လာဖို့ လာနေသည့် ထိုလူကြီးကို လင်းသက်တွေ့လိုက်ရတော့သည်။ ဒီလူကြီးနဲ့တော့ တကယ်ခက်တော့တာပါပဲဗျာ..

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now