Ep 17. story

489 16 1
                                    

ကျယ်ပြောလှတဲ့ Hall ခန်းမကြီးထဲရှိ အပြင်အဆင်တွေ အဆင့်အတန်းမြင့်မားစွာ။ ​အရှေ့ရှိစင်မြင့်ထက်တွင်တော့ Table အမြင့်တစ်လုံးရှိထားသည်။ စင် ဆိုပေမဲ့ အရမ်းကြီးမြင့်မားနေတာမျိုးမဟုပ်ပဲ အုပ်ခဲ ၃လုံးစာသာ မြင့်သော စင်ဖြစ်သည်။ အရှေ့တွင်တော့ အိစက်ချောမွေ့နေသော sofar ကြီးများ နှင့်တွဲကာ တန်ဖိုးကြီးမားလှသော table ကြီးများနှင့် တွဲဖက်ကာ တည်ခင်းထားသည်။ ထိုHall ခန်းကြီးက တခြားတော့မဟုပ် ​ ကျောက်မြတ်ရတနာ လေ လံပွဲကြီးအတွက် ပြင်ဆင်ထားသည့် Hall ခန်းကြီးသာဖြစ်သည်။

10:00AM...

လေ လံပွဲ စတင်မည့် အခန်းအနားရှေ့တွင်တော့ All black ကားနှစ်စီး ဆိုက်ရောက်လာခဲ့သည်။

လေ လံပွဲ စတင်မည့် အခန်းအနားရှေ့တွင်တော့ All black ကားနှစ်စီး ဆိုက်ရောက်လာခဲ့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

( Pinterest Crd. ) အနီးစပ်ဆုံးပုံလေးပါ

ကားတံခါးဖွင့်လိုက်ပြီး ခဏ အကြာတွင် ကျစ်လျစ်တောင့်တင်းနေသော ခြေတံရှည်တို့ကို ဦးစွာ အရင်ထုပ်ထားလိုက်သေးသည်။ နက်ပြောင်လဲ့နေသော ဖိနပ်တို့ရဲ့ အထက်နားတွင် အမဲရောင်ခြေအိတ်လေးက ပေါ်နေတာ ခြေချိတ်ကာတင်လိုက်သည်မို့ ဘောင်းဘီအဖျားနဲ့ ခြေအိတ် အကြားရှိ လွတ်ထွက်နေသော ခြေသလုံးကြွက်သားတို့က တစ်ဝက်တစ်ပျက်ပေါ်နေကာ ယောကျာ်းပီသသည့် ခြေသလုံးမွှေးတို့မှာလဲ အနည်းငယ်ပေါ်လျှက်...  ။ စီးကရက်တစ်လိပ်ကို ထုပ်ကာ မီးညှိ့ခဲလျှက် ညိုမြမြ နှုတ်ခမ်းတို့မှာ မုန်းစရာကောင်းအောင် မထီတထီပြုံးလိုက်သည်။ မျက်ဝန်းတို့မှာလဲ စူးရှရှဖြင့် အကြည့်တိူ့က ထက်လွန်းသည်။လွှမ်းဆက်နိုင် စီးကရက်ကို ထပ်ခဲကာ အငွေ့တွေကို မှုတ်ထုပ်ပြန်သည်။

လွှမ်းဆက်နိုင်ရဲ့ အရှေ့တည့်တည့်ရှိ ကားပါကင်နေရာတွင်တော့ ကားကိုရပ်ကာ လေ လံ ပွဲထဲကို သွားဖို့ဟန်ပြင်နေသည့် မင်းထက်ဝဏာ.. ။ လွှမ်းဆက်နိုင်ကို မြင်သည်နှင့် အကြည့်ချင်း စစ်ခင်းကြပြန်သည်။ လွှမ်းဆက်နိုင် ဆေးလိပ်ကို အောက်သို့ချကာ ခြေဖြင့် နင်းခြေလိုက်ပြီး ကားထဲက ထွက်ကာ မပ်တပ်ရပ်လိုက်သည်၊ မင်းထိုက်သည်လဲ ကားထဲက တန်းထွက်လိုက်သည်။ မင်းထက်ဝဏာ သည်လဲ လွှမ်းဆက်နိုင်ရှိရာ လျှောက်လာသလို လွှမ်းဆက်နိုင်သည်လဲ မင်းထက်ဝဏာရှိရာသို့ မျက်နှာချင်းဆိုင် ယှဥ်ရပ်လိုက်လျှက်။

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now