နေ့လယ်ခင်း အလုပ်နားချိန်လဲဖစ်တာမို့ လင်းသက် ဦးနဲ့အတူ အပြင်ထွက်ဖို့ သဘောတူညီခဲ့သည်။ ဒီနေ့ ရှိုင်းဆက်ကလဲ သင်တန်းသို့ မလာကာ အရေးတကြီးရှိလို့ဆိုပီး ညကထဲက messagesပို့ပီးပြောထားခဲ့တာပင်။ လင်းသက် တစ်ယောက် သိမ်းစရာရှိတာတွေ သေချာသိမ်းပီးသည်နှင့် အောက်ထက်သို့ ဆင်းလာရာ ကောင်းမင်းတည်နှင့်ထိပ်တိုက်တိုးတော့သည်။
" ညီ.. ဘယ်သွားမလို့လဲ "
"ငါ ရှိုင်းဆက်နဲ့ အပြင်သွားမလို့ပါ "
" ဟိုလူရောပါမှာလား? "
" အင်း.. ပါမှာ "
မဆိုင်းမတွပဲ ပြတ်ပြတ်သားသားဖြေလိုက် မိတော့သည်။ကြိုသိပီးသား အဖြေကိုကြားလိုက်ရသလို ကောင်းမင်း တစ်ယောက် *ကျစ်* တစ်ချက်စုပ်သက်ကာ သက်ပြင်းချပီး ကိုယ့်စိတ်ကိုယ် ကိုယ်ပြန်ထိန်းချုပ်လေသည်။ ညီ့.. ဘက်ကတော့ ရိုးရိုးသားသားဖြေလိုက်ပေမဲ့ ၊ အကိုကတော့ မပျော်ရဘူး ညီ။ ညီ ကို့ကို မမြင်တာလား ၊ တမင်မမြင်ချင်ယောင်ဆောင်နေတာလားကွာ.. ။ အဲ့လူကရော ဘာမို့လို့ ညီ နဲ့ရင်းနှီးရတာလဲ..၊ ပြီးနောက် ကောင်းမင်း ညီ့ တစ်ချက်ကြည့် တစ်စုံတစ်ခုပြောချင်ဟန်..
"ညီ.. ဟို ..ငါလဲလိုက်လို့ရမလား "
" ဟမ်.. မင်းက.. လိုက်မှာ.?. "
"အင်းလေ.. ညီသွားမှတော့ ငါလဲလိုက်မယ်လေ "
"အဲ့လိုမဟုပ်ဘူးလေ ကောင်းရယ် ၊ မင်းနဲ့သူနဲ့ ပြေမှမပြေလည်တာ ပီးတော့.... "
စကားတို့ပင် မဆုံးသေး တုန်ခါကာ ဝင်လာသောဖုန်းလေးကြောင့် လင်းသက် ကိုင်လိုက်လျင်.. တစ်ဖက်မှ ထွက်လာသော ဩရှရှအသံပိုင်ရှင်တစ်ဦး...
" ကောင်လေးး.. ကိုယ်စောင့်နေတယ်နော် "
"ဟုပ်.. ကျနော်အခု ဆင်းလာပီနော် "
" အင်း "
ဒုတိယထပ်ရဲ့ မှန်ပြတင်းပေါက်နားတွင် ခဏမျှ ရပ်သောအရိပ်လေးကို လွှမ်းဆက် မြင်မိအောင်မြင်ပါသည်။ ကလေးငယ် ဘေးနားရှိလူကိုတော့ ဘသူလဲဆိုတာ လွှမ်းဆက် ခန့်မှန်းစရာမလိုအောင်ပင်သိနေပီးသားဖြစ်သည်။ ထို့ကြောင့် ကောင်လေးစီ ဖုန်းဆက်ကာ ပြောလိုက်ခြင်းဖြစ်သည်။
YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...