Ep 23.story

370 10 2
                                    

မနက်ခင်း ဝေလီဝေလင်း အချိန်တွင် အိပ်ယာမှနိုးလာသည့်လွှမ်းဆက်။ နေရောင်ခြည်များမကျရောက်ခင်အချိန် အမှောင်ရိပ်လွှမ်းနေဆဲဖစ်သည့်အချိန်မို့ အခန်းအတွင်းရှိ မီးရောင်ခပ်ဖျော့ဖျော့အောက်တွင် ပင်ပန်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကောင်ငယ်လေး။ အိပ်နေတာတောင် ပါးလေးနှစ်ဖက်က နှင်းဆီဖူးယောင်သန်းလျှက် ခပ်မို့မို့လေးသာဖြစ်နေသည့် ထိုပါးပြင်လေးအား ကြည်နူးစွာ လက်ချောင်းတို့ဖြင့်တို့ထိမိလိုက်သည်။

မင်းကငါ့အပိုင်ဖြစ်ခဲ့ပြီ ကလေး ၊ မင်းကိုငါဘယ်တော့မှလက်မလွှတ်ဘူး..။

ရင်ခွင်ထဲရှိနှစ်ခြိုက်စွာအိပ်နေသည့် ကောင်ငယ်လေး၏ ပါးဖောင်းဖောင်းအားမွှေးကြူးလိုက်ကာ..ထို့နောက် နှုတ်ခမ်းအိအိလေးတို့ကိုလဲ စုပ်ယူနမ်းရှိုက်လိုက်ပြန်သည်။

အင်းးး..ချိုလှသည်။ ဘယ်တော့မှမေ့ဖျောက်လို့မရတော့မဲ့ အနမ်းလေးတွေ၊ ဒါတွေဟာတည်မြဲပါစေလို့ ကိုယ်ဆုတောင်းတယ် ကလေး၊ မသေချာတဲ့မနက်ဖန်တွေမှာ မင်းလေးကို ကိုယ်နဲ့ပဲဖြတ်သန်းစေချင်တယ်။ ဒါဟာ အတ္တဆန်ရင် ဆန်ပါ့စေ.. ၊ ချစ်လွန်းခဲ့လွန်းလို့ ရယူလိုမှု့တွေရယ်ပါ..

မကြာခင် ရင်ခွင်ထဲမှ အကောင်ပေါက်ကလေးက လှုပ်လှုပ်ယွယွဖြင့်နိုးလာကာ လက်ကလေးနှစ်ဖက်ဖြင့် မျက်လုံးလေးကို ပွတ်နေတော့သည်။

"အဲ့လောက်မပွတ်ရဘူးလေ အသက်ရဲ့ "

"ဟင်.."

"ဘာဖြစ်လို့လဲ"

"ကျနော့်ကို ဘလိုခေါ်လိုက်တယ် "

"အသက်လို့ခေါ်တာလေ ၊ ဘာလို့လဲ အသက်က မကြိုက်ဘူးလား"

"မဟုတ်ပါဘူး ၊ မိန်းမနာမည်ကြီးမို့ "

ဟု ဆိုကာ ရင်ခွင်ထဲကနေ မျက်စောင်းပိစိလေးထိုးကာ နှုတ်ခမ်းကိုဆူလျှက်..

"ဒါဆိုလဲ မိန်းမနာမည်ကြီးပါအောင် မှည့်ပေးထားတဲ့ ကိုယ့်​မေမေကို နာမည်သွားပြောင်းခိုင်းမှရတော့မယ်ထင်တယ်"

"အံ့မယ်...ပိုင်ဆိုးပိုင်နင်းနဲ့သူများအမေကိုများ "

"ကလေး မေမေက ကိုယ်နဲ့သဘောတူပြီးသားပါနော် "

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now