Ep 18. story

422 15 1
                                    

Ring ~ Ring ~ Ring...

စားပွဲခုံထက်ရှိဖုန်းလေးမှာ တုန်ခါလျှက်။ အခန်းအတွင်းရှိ ပြာယာခက်နေသော လင်းသက် တစ်ယောက် အလုပ်သွားရန် အစောထဖို့ Alarm ပေးထားကာမှ Monday နှင့် Sunday မှားပီး ပေးမိကာ အလုပ်ချိန်နီးမှ ပြာရီးပြာယာထလျှက် ကပိုကရို သုပ်ခြေတင်ကာ ပြင်ဆင်ရတော့သည်။ ထို့နောက် ပြီးကာမှ အစောပိုင်းက မြည်နေသော ဖုန်းကိုသတိရသွားလျှက် ကောက်ကြည့်မိကာ တစ်စုံတစ်ဦးစီက ခေါ်ထားသောညအဝင်callတွေက call20 တောင်သာ...

" ဟိုက်* သွားပီ "

နှဖူးလေးကို လက်ဖဝါးဖြင့် ရိုက်လျှက် နှုတ်မှလဲ ဆိုမိကာ ဇောချွေးပင် ပိုပြန်ရတော့သည်။ call 20 ဆိုသော ဖုန်းလေး၏ name လေးမှာ ' လူကြီး💙 ' ဆိုသော name လေးနှင့် လှပစွာ ထိပ်ဆုံးတင် တည်ရှိနေတော့သည်။

' တူ....တူ....တူ...'

* H ...Hello.... *

စကားလေးတိုးဖျော့စွာခေါ်လျက်..

"ပြောပါအုံး အခုမှ ပြန်ခေါ်ရတဲ့အကြောင်းရင်းကို၊ ကိုယ်မင်းကို စောင့်နေတာ နာရီဝက်ကျော်ရှိနေပြီ၊ ဖုန်းခေါ်မရလို့ အခုထိ လမ်းထိပ်မှာစောင့်နေတာ.. "

" အာ...ဟို Baby တောင်းပန်ပါတယ်လူကြီးရယ်.. အခု လမ်းထိပ်မယ်မလား အခုလာခဲ့ပြီနော်.. မကြာစေရဘူး ဒါပဲ ဒါပဲ.. အူမွ "

" နေအုံး.....ခဏ.."

စကားတို့ပင်မဆုံးသေးပြောချင်ရာပြောပြီးသည်နှင့် ဖုန်းကိုချသွားသည့် ကောင်လေးအား လွှမ်းဆက်နိုင် စိတ်ရှိလက်ရှိလုပ်ပစ်ချင်မိသည်။

အိမ်ပေါ်ထပ်မှ အမြန်ပြေးဆင်းလာသည့် သားဖြစ်သူအား ကြည့်ကောင်လေ
အိမ်ပေါ်ထပ်မှဖြေးဖြေးဆင်းလေ ဒီကလေးနဲ့တော့ လဲကုန်တော့မှာပဲ "

" သားအလုပ်နောက်ကျနေလို့ပါ လာကြို.... အဲ "

ပါးစပ်မှလျှပ်တပျက်ပြောမိလိုက်ကာ သတိရမှ နှုတ်ကို လက်နှစ်ဖက်ဖြင့် အမြန်အုပ်လျှက်..စကားတို့ကိုထိန်းရလေသည်။ မိခင်ဖြစ်သူမှာ သူ၏ သားကို သူခိုးချောင်းသလို ပြန်ကြည့်လျှက် ချောင်ပိတ်ဖမ်းသော်လည်း လည်လွန်းလှသည့် ကိုယ်တော်ချောက စပ်ဖြဲဖြဲသာ..

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now