~ Ring.. Ring..Ring..~
~ Ring..Ring..Ring...~
တုန်ခါနေသော ဖုန်းလေးမှာ ကိုင်သူမဲ့နေပြီဖြစ်သည်။ ကုတင်ပေါ်ရှိကောင်လေးတစ်ယောက်ကတော့ နှစ်နှစ်ချိုက်ချိုက်အိပ်နေလေပြီ..။ ခန အကြာမှ ကောင်ငယ်လေးတစ်ယောက် ကုတင်ထက်တင် ဟိုလှိမ့် ဒီလှိမ့်ဖြင့် လှိမ့်ကာ မျက်လုံးဝိုင်းလေးများမှာ အိပ်စုံမှုံမွှားဖြင့် ထလာတော့သည်။သို့ပေမဲ့ အကြည်လင်း ပွင့်လာသည်မဟုပ်.. မျက်စိဇုန်မှိတ်ကာ ဖုန်းကိုပင် ကောင်းကောင်းမကြည့်တော့ပဲ... အိပ်ချင်မူးတူးအသံဖြင့်..
" .. ကျနော်အိပ်နေပီလေ..လူကြီးရာ.. ဘာပြောအုံးမလို့လဲ "
"ဟမ်! ! လူကြီး? ..ဟုပ်လား "
"ဟမ်? ..ဘသူကြီး...ဟိုက်..သေပီ"
"ညီ.. လူကြီးဆိုတာက ဘာလဲ? "
"ဟို.. ဖုန်းမှားပြောမိတာပါ "
"ဖုန်းပြောမိတယ်.. ဟုပ်လား ညီ.. ဘသူ.. ဘသူနဲ့လဲ "
ကောင်းမင်းတည် တစ်ယောက် တစ်ဖက်တွင် ရင်တထိတ်ထိတ်ဖြင့် စကားတို့ကို ရှေ့ဆက်နေရသည်ကို ညီ တစ်ယောက် သိမည်မထင်။ ကိုယ်နောက်မကျသေးဘူး မဟုပ်လားဟင် ညီ..။ ကိုယ်.. မင်းကိုလေ ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟ ဝန်ခံဖို့ ကိုယ်အခုဆုံးဖြတ်ပြီးပီလေ ညီရာ... ။ ကိုယ်ထင်ထားသလို ဖြစ်မလာဘူး မလားဟင်...
"ဘာလုပ်မလို့လဲ မင်းက "
" လူကြီးဆိုတာက ဟိုလူ့ကို ခေါ်တာမဟုပ်လား.. ညီ "
" ...... "
"အကို မေးနေတယ်လေ ညီ.."
"အင်း.. ဟုပ်တယ်၊ ဒီကိစ္စကို ဘသူ့မှ မပြောပြနဲ့နော် အထူးသဖြင့် မေမေ့ကို မသိစေချင်ဘူး.. နော်..ကောင်း.."
"ဪ..အင်း..အင်းပါကွာ.. ငါသိပါတယ်ကွ "
"ဟီး.. ဒါမှ ငါ့သူငယ်ချင်းလေး "
ကောင်း တစ်ယောက် ဖုန်းscreen လေးကိုကြည့်ရင်း မျက်လုံးတွေ ဝေဝါးလာရသည်။ screenပေါ်တွင်မှတ်ထားသော Contacts မှတ်ထားသော "ညီငယ် " ဆိုသည့် စကားဝါပန်းပုံလေး နှင့် nickname လေးသည်သာ ဝိုးတဝါးဖြင့်သာ မြင်ရနေလေသည်။ ကောင်း ရဲ့လက်တွေ အနည်းငယ်တုန်ယင်ချင်ပါသည်။ အသံအနည်းငယ်တိမ်ဝင်နေသေးသည်။ ကိုယ့်အချစ်တွေကို မမြင်တာလား မသိချင်ယောင်ဆောင်တာလား ညီ ရယ်.. ။ မင်းကိုယ့်ကို နည်းနည်းလေးမှ မမြင်ခဲ့ဘူးလား...။
တစ်ဖက်က ချစ်ရသူလေးကတော့ ပျော်နေသည်မှာ အသေချာပဲဆိုတာ ကောင်းမင်းတည် မြင်ယောင်မိပါသည်။ ပြုံးနေမယ့် ပါးဖောင်းဖောင်းလေးတွေကို ကောင်း တစ်ယောက် မြင်ယောင်နေသည်။ ပြုံးရင်သိပ်လှသည့် ကောင်လေး မလို့ ချစ်ရသူလေး ပြုံးရဖို့အတွက်သာ အရေးကြီးသည်မဟုပ်လား..။

YOU ARE READING
Last Light.( Ongoing )( un + Zawgyi )
RomanceSeme ကျောက်စိမ်း လောကရဲ့ ဘုရင် အငြိုးတေးတက်သူ စိတ်ဆက်သူ ကိုယ့်ကိုလာမထိသေးသရွေ့ပြန်မတုန့်ပြန်တက်သူတစ်ဦး ဖြစ်သည့်အပြင် Red flagတစ်ဦး ကျောက်စိမ်း လောကမှာ ဘုရားတစ်ဆူ ။ တစ်ဖက်ခြမ်းတွင်တော့လဲ မှောင်ခိုတို့၏ ဘုရင်တစ်ဆူ။ ************** Uke အသက်20ကောင်လေးတစ်...