Ep 22.story🔞

620 8 3
                                    

18+ ပါတာမို့18နှစ်မပြည့်သေးရင်မဖတ်ဖို့ပြောချင်ပါတယ်။

******
Coffeeဆိုင်မှ အပြန် မိုးတွေက သဲထန်စွာရွာကျလာကာ လေပြင်းတွေပါတိုက်ခက်လာတော့သည်။ လမ်းပေါ်ရှိ အမှိုက်သရိုက်တို့မှာလဲ တလှိမ့်လှိမ့်ဖြင့် လေအဟုန်နှင့်ပင် ပြေးလွှားနေသည့်အလား။ ကားလမ်းကြီးနံဘေးရှိ သစ်ပင်တို့မှာလဲ ဘယ်ညာယိမ်းထိုးလျှက် မီးကြိုးများကို သွားတိုက်ခက်နေလေတော့သည်။

ဒီအခြေအနေနှင့်ကားကိုရှေ့ဆက်မောင်းပြီး အိမ်ပြန်ဖို့က မဖြစ်နိုင် ၊ အန္တရာယ်များလှပေမည်။ ထိုစဥ် လမ်းကွေ့အချိုးတစ်နေရာအရောက် ကားကိုရပ်ကာ နံဘေးက ကလေးကိုကြည့်လိုက်သည်။

"ကလေး ကိုယ်တို့ဒီည ဒီမှာပဲ နေရလိမ့်မယ်၊ မုန်တိုင်းက အခုထိမငြိမ်သေးဘူး"

"ဟုပ်..အဆင်ပြေပါတယ်၊ အပြင်မှာလဲ အခုထိလေတွေမငြိမ်သေးဘူး.. ကလေးလဲမပြန်ရဲဘူးကြောက်တယ်"

မုန်တိုင်းထက် ဒီကကောင်က ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းလေးနောက်မှသိလိမ့်မယ်။ အဲ့ခါကျမှ နောင်တတော့မရနဲ့နော် ကောင်လေး ။ လွှမ်းဆက်နိုင်တို့အခုရောက်နေသည်မှာ မြို့ပတ်လမ်းကအပြန် မိုးသဲထန်စွာရွာလာသဖြင့် မြို့အဝင်နေရာရဲ့မလှမ်းမကမ်းမှ ရှိနေသည့်Hotal သာဖြစ်သည်။ အထဲမှ လူအများစုကလဲ ချစ်သူ၊ရီးစား အတွဲတွေက အများဆုံးပင်ဖြစ်သည်။ ခမ်းနားကြီးကျယ်လွန်းတဲ့ Hotal လဲမဟုပ်သလို စုတ်ပျက်ပေခြာ နေတဲ့hotal လဲမဟုပ်ချေ။ သူ့နေရာနှင့်သူ အသင့်အတင့်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်သာဖြစ်သည်။

အခန်းထဲရောက်သည်နှင့် ကုတင်လေးပေါ်သိုကျုံ့ကျုံ့လေးထိုင်နေသည့်ကောင်လေးကြည့်လျှက် အသဲယားမိပြန်သည်။ လူကိုပိုချစ်ချင်လာအောင်လုပ်နေသည့်အလား။ ထိုစဥ်....

* ဒုတ်..ဒုတ်..ဒုတ်... *

"လူ...လူကြီးရေ "

ရေချိုးရန်ဖြင့် အဝတ်အစားမှ ကြယ်သီးတို့ကိုဖြုတ်နေသော လွှမ်းဆက်နိုင်ဘေးနားသို့ အပြေးလေးကပ်ကာ ရင်ခွင်ထဲ ကုပ်တက်လာတဲ့ကောင်လေးတစ်ယောက်။ဘာများဖြစ်တာလဲဟု စိုးရိမ်စိတ်တို့နှင့် ရင်ခွင်ထဲက ကောင်ငယ်လေးအား ဆွဲခွာယူကြည့်လျှက်..

Last Light.( Ongoing )( un + Zawgyi )Where stories live. Discover now