Part 1 ♡

8.2K 260 4
                                    

(Unicode)

"တောက်!! ထွက်သွား!!!"

"ဟို ဟို တောင်း...တောင်းပန်ပါတယ် ကျွန်တော်...ကျွန်တော်"

အခန်းထဲဟိန်းထွက်လာတဲ့ရိပေါ်ရဲ့အသံနဲ့အတူ Stylist ရဲ့ကိုယ်လေးမှာလဲ တုန်လို့သွားရတယ် ဝမ်ရိပေါ်ဒီလိုဒေါသထွက်နေရချင်းမှာလဲ သူ့အမှားကြောင့်ဖြစ်တာမလို့ Stylist ဆိုသူမှာလဲ ရိပေါ်ကိုအသက်ထွက်မတက်တောင်းပန်ရုံသာတက်နိုင်တယ်

"မင်းတို့ စောက်လုပ်ကိုဘယ်လိုလုပ်နေကြတာလဲ တစ်ယောက်မှက်ိုစောက်သုံးမကြဘူး ထွက်သွား!!"

‌"တောင်းပန်..."

"ထွက်သွားလိုပြောနေတယ်မလား ဝုန်း!"

အာ့!!

သူစကားတောင်မဆုံးသေးခင် ဒေါသငယ်ထိပ်ရောက်နေတဲ့ရိပေါ်စီကနေ ရေမွှေးပုလင်းနဲ့ကောက်ပေါက်ချင်းခံလိုက်ရတာကြောင့်  Stylistရဲ့နှာဖူးမှာသွေးတွေစီးကြလာရတယ်

ထိုStylistဆိုသူ လီဝူယွမ်း မှာလဲ သူ့နှာဖူးကသွေးတွေစီးကြနေတာသိပေမယ့် ထိုနေရာကနေတစ်စက်မှမလှုပ်ရဲပေ ဒီဒဏ်ရာက ရိပေါ်စီကနေပထမဆုံးရတဲ့ဒဏ်တော့ဟုတ်မနေဘူး ရိပေါ်ပါးစပ်ကသာထွက်သွားလိုပြောနေပေမယ့် သူပြောတဲ့အတိုင်းအခန်းထဲကထွက်သွားကြည့်ပါလား တစ်ခါထဲအသက်ပါပျောက်မယ်

သူ့လက်ချက်နဲ့ သူ့Stylistရဲ့ခေါင်းပေါက်သွားပြီးမှန်းသိပေမယ့် ရိပေါ်ရဲ့ဒေါသကတော့ပြေလျော့သွားချင်မရှိဘူး ရိပေါ်ကဒီလိုမျိုးအလုပ်ကိုအလေးမထား သေချာမလုပ်တဲ့သူတွေကိုဆိုအမုန်းဆုံးပဲ  Entertainment ဖက်ကနေပေးထားတဲ့လစာအပြင် သူ့ဖက်ကနေပြီးလည်း တစ်ဖက်လူရသင့်ရထိုက်သလောက်ကိုအပြည့်ဝထပ်ပေးထားပြီးသား ‌သူပေးထားတာနဲ့တန်အောင်လဲ တစ်ဖက်လူကိုအလုပ်မှာအာရုံစိုက်‌စေချင်ပြီး အမှားယွင်းမရှိလုပ်စေချင်တယ် သူ့လို့တစ်လမှ 29ရက်လောက် Schedule အပြည့်ဖြစ်နေတဲ့ actor and singer တစ်ယောက်အတွက် Stylistဆိုတာတစ်ထောင့်တစ်နေရာကနေ ဘယ်လောက်ထိတောင်အရေးပါလိုက်လဲ ဒါကိုမသိတာလဲမဟုတ်ပဲ လီဝူယွမ်းတို့ကခဏခဏကိုလွဲနေတော့တာပဲ ဒါသက်သက်သူ့ကိုဒေါသငယ်ထိပ်ရောက်အောင်လုပ်နေတာ သူ့ကိုဒေါသအထွက်လွန်ပြီး အသက်တိုစေချင်နေတာလာတောင်မသိဘူး

Falling In Love To My Stylist  (Completed)Where stories live. Discover now