Part 18 ♡

2.9K 163 3
                                    

(Unicode)

သတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက် အလူအများစုကရှောင်းကျန့်ကိုထွက်လာတောင်းပန်ကြပေမယ့် မတောင်းပန်ချင်တဲ့လူတချို့ကတော့ account တွေဖျက်သွားကြတယ် ရှောင်းကျန့်အနေနဲ့ဘာကိုမှစိတ်ထဲသိပ်မထားဖြစ်ပေမယ့် ရိပေါ်ရဲ့ Weibo account မှာfollowing 5 သောင်းလောက်လျော့သွားတဲ့အပေါ်စိတ်မကောင်းတော့ဖြစ်မိတယ်

ရှောင်းကျန့်ကလုပ်စရာရှိတာတွေကိုလုပ်ကိုင်ရင်း နေ့စဉ်ဘဝကိုပုံမှန်အတိုင်းဖြတ်သန်းတယ် တွဲနေကြောင်းတရားဝင်ချပြပြီးနောက် ဘယ်သွားသွားသူတို့နှစ်ယောက်ရဲ့ပုံက Weibo မှာ Hot Search ဝင်လေ့ရှိပြီး သူတို့နှစ်ယောက်ကိုသဘောတူတဲ့လူတွေကြား Fan Club ပါရှိလာတယ်

Social media ပေါ်မှာဖြစ်နေတဲ့ကိစ္စတွေကိုရှောင်းကျန့်ကစိတ်သိပ်မဝင်စာပေ့မယ် ဘယ်သွားသွားအမြဲတမ်းအနောက်ကလိုက်ပြီးဓာတ်ပုံလိုက်ရိုက်တက်တဲ့ လူတချို့ကြောင့်တော့ တခါတလေစိတ်ရှုပ်ရတယ် ခွင့်တောင်းပြီးရိုက်ကြတော့မျိုးမဟုတ်တော့ ရှောင်းကျန့်အနေနဲ့ကဘယ်လိုနေပေးရမလဲမသိဘူး

အခုလည်းရိပေါ်နဲ့ဆိုင်တစ်ဆိုင်မှာ dinner date နေရင်း ဘေးဘက်ဝိုင်းက သိသိရော မသိမသာပါ ပုံတွေ video တွေရိုက်နေတာကြောင့် ရှောင်းကျန့်ကနေရခတ်လာတယ် အစထဲကအပြင်မှာမထိုင်ပဲ VIP ဝိုင်းယူလိုက်ရင်ကောင်းသား

"ပေါင်းပေါင်းအဆင်မပြေရင် ဓာတ်ပုံမရိုက်ဖို့မောင်ပြောလိုက်မယ်"

"မောင်ကလည်း အဲ့လိုကြီးကြတော့ ဘယ်ကောင်းပါမလဲ"

"ပေါင်းပေါင်းအဲ့လိုကြီးဖြစ်နေတာကြတော့ရော မောင်အတွက်ကောင်းလား ပျော်ချင်လိုလာ Dateပါတယ်ဆိုမှကွာ"

"ကျွန်တော်ကမောင်လိုမင်းသားမှာမဟုတ်တာကို နည်းနည်းတော့နားလည်ပေးပေါ့ နောက်ဆိုရင်တော့အကျင့်သားရသွားမယ်ထင်တာပဲ"

ရှောင်းကျန့်ပုံစံကဘယ်လိုမှအဆင်မပြေတဲ့ပုံပေါက်နေတဲ့အပြင် သူကလည်းဘာမှပြောမရတော့ ရိပေါ်ကခပ်မြန်မြန်ပဲစားသောက်နေတာကိုရပ်လိုက်ပြီး ရှောင်းကျန့်ကိုသူ့ကိုယ်ပိုင်အပန်းဖြေစံအိမ်စီကိုခေါ်လာလိုက်တယ်

Falling In Love To My Stylist  (Completed)Where stories live. Discover now