Part 22 ♡

2.2K 162 5
                                    

(Unicode)

"သက်သာရဲ့လားသားရှောင်း ဒယ်ဒီစိတ်ရင်းနဲ့သားကိုတောင်းပန်ပါတယ် သားနေမကောင်းဖြစ်နေတာကို ဒယ်ဒီတကယ်သတိမထားမိလိုက်ဘူး"

ဆရာဝန်တွေထွက်သွားပြီး သိပ်မကြာခင်အချိန်မှာ‌ပဲ ဝမ်ပါးနဲ့ဝမ်မားကဆေးရုံသို့ရောက်ရှိလာကြတယ်

"ဟုတ်ကဲ့ ကျွန်တော်အတော်လေးသက်သာနေပါပြီး ဒါကအန်ကယ်အပြစ်မှမဟုတ်တာတောင်းပန်စရာမလိုပါဘူး"

"မဟုတ်တာ သားဒီလောက်ထိဖြစ်သွားတာ ဒယ်ဒီအပြစ်လဲမကင်းဘူးလေး"

"ကိုယ်အပြစ်ကိုယ်သိရင်လဲပြီးတာပဲ"

"ဝမ် ရိ ပေါ်!"

ကိုယ်ကိုကိုယ်အပြစ်တင်ကာတောင်းပန်နေတဲ့ဝမ်လီမင်းကို ရှောင်းကျန့်ကအားနာနေမိတဲ့အချိန် ရိပေါ်စီကထွက်လာတဲ့စကားသံကြောင့် ရိပေါ်နာမည်ကိုတစ်လုံးချင်ဖိခေါ်ရင် ပါးစပ်ပိတ်ထားဖို့အချက်ပြလိုက်ရတယ်

ရှောင်းကျန့်တစ်ခွန်းခေါ်လိုက်တာနဲ့ ပါးစပ်ပိတ်သွားရတဲ့‌ရိပေါ်ကိုကြည့်ပြီး အခန်းထဲရှိလူအားလုံးကခိုးရယ်လိုက်မိကြတယ် သူစိမ်းမ‌ပြောနဲ့ သူကိုမွေးထားပေးတဲ့ဝမ်ပါးနဲ့ဝမ်မားကို‌တောင် တစ်ခွန်းမကျန်ပြန်ပြောတက်တဲ့ရိပေါ်က ရှောင်းကျန့်ကတိတ်ဆိုတာနဲ့တိတ်သွားရတာပါပဲ

နှစ်ဖက်မိသားစုလုံး လူစုံတက်စုံရှိနေတာကြောင့် နေလည်စားကို ဆေးရုံး canteen မှာပဲအတူစားဖို့ဖြစ်သွားကြတယ် ထမင်းစားဝိုင်ထဲအရသာစပ်စပ်လေးတွေစားချင်နေတဲ့ရှောင်းကျန့်က အစပ်ကိုလုံးဝမထိခိုင်းတဲ့ရိပေါ်ကြောင့်မျက်နှာကဆူပုပ်နေရသေးတယ်

"ဒါနဲ့လေး ကျွန်တော်အဲဒီဆိုင်မှာ ရိပေါ်ဒယ်ဒီနဲ့အတူရှိနေတာကို ရိပေါ်ဘယ်လိုလုပ်သိတာလဲဟင်"

အဟွတ်! ဟွတ်!

တစ်မနက်လုံး အေးအေးဆေးဆေးရှိနေခဲ့တဲ့ရှောင်းကျန့်က အခုမှရုတ်တရက်ကြီးထမေးလာတာကြောင့် ရိပေါ်မှာထမင်းသီးသွားရတယ် ဒီကိစ္စကိုရှောင်းကျန့်မေ့သွားပြီးလို သူထင်လိုက်မိတာမှားတာပဲ

"ဖြည်းဖြည်းသောက်ပါသားရဲ့"

ရိပေါ်ကဝမ်မားကမ်းပေးလာတဲ့ရေခွက်ကို သောက်ရင် ရှောင်းကျန့်ကိုဘယ်လိုပြန်ဖြေရမလဲဆိုတာကို အသည်းသန်သူ‌ခေါင်းကိုအလုပ်ပေးနေရတယ်

Falling In Love To My Stylist  (Completed)Where stories live. Discover now