(Unicode)
"လိမ်လိမ်မာမာနေခဲ့နော်ပေါင်းပေါင်း ကိုယ်စိတ်ချမယ်"
"စိတ်မချရအောင်ကျွန်တော်က ကလေးလား!"
"ကလေးမဟုတ်လိုပေါ့ ကလေးသာဆို သွားတဲ့နေရာတိုင်းကိုဂုတ်ကနေဆွဲခေါ်သွားမှာ"
"ဟွန့်!"
"တစ်ခုခုဆိုမောင်ကိုဖုန်းဆက်နော်အချစ် ကျစ်! ဒီနေ့မှ Schedule ကလည်းဖျက်မရနဲ့ကွာ"
"ကဲ့ အချစ်ငှက်ကလေးရိပေါ်ရေ အဲ့လောက်စိတ်မချဖြစ်နေရင်လည်း မျိုချထားလိုက်ပါတော့လား"
"အမလေး! မပြောပါနဲ့ကျဲရေ တကယ်သာမျိုချထားလိုရလိုကတော့ ကျန့်ကောကိုရိပေါ်မျိုချထားတာကြာပေါ့"
အဖျားငွေ့ငွေ့လေးရှိနေတာကြောင့် ရိုက်ကွင်းကိုမလိုက်နိုင်တဲ့ရှောင်းကျန့်ကိုစိတ်မချဖြစ်လွန်းနေတဲ့ရိပေါ်ကိုကြည့်ပြီး ရှင်းမီလီနဲ့ယွီချန်းမင်းမှာအမြင်ကပ်လာရတယ်
"သွားတော့! တော်ကြာလမ်းမှာကားပိတ်နေရင် နောက်ကြနေအုံးမယ်"
"တစ်ယောက်ထဲနေခဲ့လို တကယ်အဆင်ပြေပါတယ်နော်အချစ်"
"ပြေပါတယ်မောင်ရယ် ကိုယ်နည်းနည်းနွေးပြီး ခေါင်းကိုက်နေရုံပဲ ကျန်တာဘာမှမဖြစ်ဘူး"
"လာပါရိပေါ်ရယ် ကျန့်အားကကိုယ့်ကိုကိုယ်ဂရုမစိုက်နိုင်တဲ့ သုံးနှစ်သားလေးမဟုတ်ဘူး"
"ရိပေါ်ဆက်အချိန်ဆွဲနေရင်နောက်ကြတော့မယ် ကျန့်ကောအဆင်မပြေတာရှိရင်တော့ ကျွန်တော်တို့ကိုချက်ချင်းဖုန်းဆက်လာနော်"
"စိတ်ချလက်ချသွားကြပါ တရေးလောက်အိပ်လိုက်ရင်ကောင်းသွားမှပါ"
"ဒါဆိုမောင်သွားတော့မယ်နော်ပေါင်းပေါင်း"
သူကိုစိတ်မချဖြစ်ကာ လှည့်ကြည့်လှည့်ကြည့်နဲ့မီလီကျဲတို့နောက်ပါသွားတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ကပြုံးလိုက်မိတယ် တစ်ချိန်လုံး သူကို ပေါင်းပေါင်း ပေါင်းပေါင်းနဲ့ကလေးတစ်ယောက်လိုဆက်ဆံနေသည်မှာ သူက6နှစ်ကြီးတယ်ဆိုတာကို ရိပေါ်ကမေ့နေတယ်ထင်ပါ့
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024