Part 25 Final ♡

1.5K 117 5
                                    

(Unicode)

ကြီးကျယ်ခမ်းနားလှတဲ့ ဝမ်အိမ်တော်ရဲ့ဧည့်ခန်းထဲ သူကိုကြည့်နေတဲ့လူကြီးတွေကို မသိမသာလေးခိုးကြည့်ပြီး ယွမ်အားကကြုပ်ကြုပ်ကလေးထိုင်နေမိတယ် တစ်ခါမှမဝတ်ဖူးတဲ့ အဝတ်အစားအသစ်တွေကြောင့်လဲ ညစ်ပေးသွားမှာကြောက်တဲ့စိတ်နဲ့ ယွမ်အားကလှုပ်တောင်မလှုပ်ရဲပါဘူး

Anniversary နေ့ရောက်တိုင်း နှစ်ဖက်မိသားစုစုံစုံလင်းလင်းဖြင့် မိသားစုထမင်းဝိုင်းလေးကို ရိပေါ်တို့ကနှစ်စဉ်ကျင်းပဖြစ်တယ် ဒီနှစ် 4 Years Anniversary ပြည့်တဲ့နေမှာတော့ နှစ်ဖက်မိသားစုစုံစုံလင်းလင်းကျင်းပပွဲကို‌ ဝမ်အိမ်တော်မှာပဲလုပ်ဖို့ဖြစ်သွားတယ်

^သားတို့ရဲ့နှစ်ပတ်လည်မှာ မားတို့အတွက်အထူးလက်ဆောင်ရှိတယ်^ဆိုတဲ့ ရှောင်းကျန့်ရဲ့စကားကြောင့် စိတ်လှုပ်ရှားနေတဲ့ မိဘများမှာလည်း မြေးတစ်ယောက်ရကာ ရားထူးတိုးသွားတဲ့အပေါ် ခေတ်တခဏ ဆွံအ သွားကြရတယ်

"ယွမ်အား ဒါကသားဒယ်ဒီရဲ့ ဒယ်ဒီနဲ့မာမီ ဒါကပါးပါးရဲ့ပါးပါးနဲ့မားမား ဒီဖက်ကပါးပါးရဲ့အစ်ကိုယ်နှစ်ယောက် ဝမ်ကျိုးချန်နဲ့ဟိုက်ခွမ်းတဲ့ အားလုံးကသားရဲ့မိသားစုဝင်တွေပဲဆိုတာမှတ်ထားရမယ်နော်"

"ဟုတ်ကဲ့ပါးပါး"

"သား ဖိုးဖိုးနဲ့ဖွားဖွားတွေကိုနုတ်ဆက်လိုက်အုံး"

"Nín hăo အားလုံးပဲတွေ့ရတာဝမ်းသာပါတယ် သားနာမည်ကဝမ်ရှောင်းယွမ်ပါ နောက်နှစ်လဆိုရင် အသက်က 5နှစ်ပြည့်ပါပြီးခင်ဗျ"

လက်လေးနှစ်ဖက်ယှက်လို့ ယဉ်ယဉ်ကျေးကျေးနုတ်ဆက်လာတဲ့ ယွမ်အားကိုကြည့်ပြီး အားလုံးကသဘောကြသွားရတယ် ဒီလိုလိမ္မာရေးချားရှိတဲ့ကလေးကို ဝမ်မိသားစုနဲ့ရှောင်းမိသားစုမှမချစ်ပဲနေနိုင်ပါမလား

"ဘာလိုဝမ်ရှောင်းလဲ ရှောင်းဝမ်ဖြစ်သင့်တာကို"

"ဘာလိုဝမ်ရှောင်းလဲဆိုတော့ ကျွန်တော်ကဦးဆောင်သူမလို့လေး"

သူအမေးကို ပြန်ဖြေရင်းနှုတ်ခမ်းတစ်ဖက်စောင်းလို့ပြုံးလိုက်တဲ့ ရိပေါ်ကိုကြည့်ပြီး ကျိုးချန်ရဲ့မျက်နှာကမဲ့ရွဲ့သွားရတယ်

Falling In Love To My Stylist  (Completed)Where stories live. Discover now