Part 17 ♡

2.6K 164 1
                                    

(Unicode)

"ကောတို့ဝန်ခံလိုက်လို အဆင်ပြေပါမလားရိပေါ် မင်းရဲ့fan တွေကကောကို..."

"အဆင်မပြေစရာဘာအကြောင်းမှာမရှိဘူးကော မောင်တို့အခုမဝန်ခံရင်လည်း တချိန်ကြဖွင့်ချပြရမှာပဲဆိုတာကောလဲသိတာပဲ မောင်မျက်လုံးတွေကိုသေချာကြည့်ကော အားလုံးစီကနေမောင်ကကောကိုကာကွယ်ပေးမယ် ဘာမှမကြောက်နဲ့ နောက်ပြီးဒီလိုအရာမရတဲ့အရာတွေအပေါ်တွေမှာလည်းလိုက်ပြီးမခံစားနဲ့"

"ဒီလိုဆိုပေမယ့်လည်း ကောကြောင့်မင်းရဲ့အလုပ်ကိုင်တွေထိခိုက်မှာကို စိုးရိမ်တယ်"

"အနည်းကျင်းလောက်ကတော့ထိခိုက်မူရှိမှာဆိုပေမယ့် ဘာမှမဖြစ်ဘူး ကိုယ့်ကိုသဘောကြတဲ့သူ ရှိရှိ မရှိရှိကိုယ်ကကိုယ်သဘောကြပြီးဝါသနာပါတဲ့အရာတွေကိုပဲကိုပဲလုပ်ကိုင်သွားမှာ ဒါကြောင့်မောင်ရဲ့လူကြီးလေးကဘာမှမစိုးရိမ်နဲ့ မောင်ဘေးနားကောရှိနေမှာဖြစ်မှာ"

"မောင်အဆင်ပြေရင်ပြီးတာပါပဲ ကောအတွက်မောင်စိတ်အခြေနေကသာပိုအရေးကြီးတယ် ကော‌ကိုရွေးချယ်ပြီး မောင်နောင်တရနေမှာမျိုးကိုမလိုချင်ဘူး"

"ကောကိုရွေးချယ်လိုက်တဲ့အတွက်မောင်ဘယ်တော့မှနောင်တရမှာမဟုတ်ဘူးဆိုတာယုံ မောင်အခု Ceo နဲ့သွားတွေ့လိုက်အုံးမယ် လိမ်လိမ်မာမာနေခဲ့နော်ပေါင့်ပေါင့် comment တွေလည်းလျှောက်ဖတ်မနေနဲ့"

"ကောကအကြီးပါနော် ပေါင့်ပေါင့်လိုခေါ်ချင်ခေါ် ကောကမောင်ကိုခေါ်ရမှာကို ဟွန့်"

သူစကားအဆုံး သူ့ခေါင်းကိုပုပ်ကာရယ်ရင်းအဝတ်လဲခန်းထဲကိုဝင်သွားတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်လည်းပြုံးလိုက်မိတယ် ရိပေါ်ရဲ့နွေးထွေးမူအပြည့်ရှိတဲ့စကားတွေမကြားရခင်အချိန်ထိ ရိပေါ်‌ဘေးနားသူရှိနေတာကြောင့် ရိပေါ်ရဲ့အောင်မြင်မူတွေထိခိုက်လာမှာကို ရှောင်းကျန့်ကတွေးကြောက်မိတယ် သူကပွင့်လင်းမူရှိပြီး သူရဲ့ဖြစ်တည်မူကိုလက်ခံပေးနိုင်တဲ့မိသားစုကကြီးပြင်းလာလိုကိစ္စမရှိပေမယ့် gay ဆိုတဲ့စကားလုံးအောက်မှာ မိသားစုကြား လူမူအသိုင်းဝိုင်းကြား ရိပေါ်အပယ်ခံရမှာကိုလည်း ရှောင်းကျန့်ကတွေးကြောက်မိပါသေးတယ် မိသားစုအတော်များက ဒီလိုဖြစ်တည်မူမျိုးကိုလက်မခံနိုင်ကြသေးသလို သူတို့အတွက်လွယ်လွယ်နဲ့လက်ခံပေးနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေး

Falling In Love To My Stylist  (Completed)Where stories live. Discover now