(Unicode)
အသက်ရှူကြပ်တဲ့အထိအဖက်ခံထားရတာကြောင့် ထိုးကိုက်ခေါင်းနေတဲ့ခေါင်းနဲ့အတူ ရှောင်းကျန့်ကနိုးလာရတယ် နိုးနိုးချင်းလူကိုသေလောက်အောင်ဖက်ထားတဲ့ရိပေါ်ကိုအမြင်ကပ်စွာ ရှောင်းကျန့်ကကုတင်ပေါ်ကနေ ရိပေါ်ကိုကန်ချလိုက်မိတယ်
ရိပေါ်သူကိုအခွင်ရေးယူတာများနေပြီး သူဆက်သည်းမခံနိုင်တော့ဘူး ချစ်တာကချစ်တာပဲ အဖြေမပေးရသေးပဲ ဒီလောက်ကြီးထိအသားယူတာတော့လက်မခံနိုင်ဘူး
"အာ့!!ရက်စက်လိုက်တာကောရာ ကိုယ်ချစ်သူကိုအဲလို့ပဲကန်ချရလားကွ"
"မင်းဘာတွေပြောနေတာ ဘယ်တုန်းကမင်းကို အဖြေပြန်ပေးလိုက်လို့ ချစ်သူလိုလာပြောနေတာလဲ!!"
"ကောလူလည်လာမကြနဲ့နော် ညကတင် ကျွန်တော်ကိုဟောဒီလောက်ကြီးချစ်ပါတယ်ဆိုပြီး အဖြေပြန်ပေးထားပြီး"
"မဖြစ်...မဖြစ်နိုင်တာ ရိပေါ်လျှောက်မပြောနဲ့"
သူပြောတာကို မယုံသင်္ကာဖြစ်နေတဲ့ရှောင်းကျန့်ကိုကြည့်ရင် ရိပေါ်ကစားပွဲပေါ်မှာတင်ထားတဲ့သူ့ဖုန်းကိုယူလိုက်ပြီး ညကမှတ်တမ်းတင်ထားတဲ့ video ကိုပြလိုက်တယ် တော်သေးလိုပေါ့ သူ့မှတ်တမ်းတင်ထားမိလို မဟုတ်ရင် ဒီစုန်းထီးလေးမလှိမ့်တစ်ပတ်လုပ်တာခံရတော့မလို့
"ဟင့်!! အသက်ရှူ...ရှူမရတော့ဘူး ကျန့်ကျန့်မော...မောတယ်"
"ကောနှုတ်ခမ်းက နူးညံနေတာပဲကွာ ကိုယ့်မှာနမ်းလိုကိုမဝနိုင်ဘူး"
"ကျန့်ကျန့်မောနေပြီးလို့!!"
"ဒါဆိုကိုယ့်ကိုချစ်တယ်လို့ပြောပါဦး ကိုယ်ထပ်ကြားချင်သေးတယ်"
"ချစ်တယ် ချစ်တယ် အများကြီးချစ်တယ် ကျန့်ကျန့်ကရိပေါ်ကိုဟောဒီလောက်ကြီးချစ်တယ်"
ရိပေါ်ဖုန်းထဲကမှတ်တမ်းတင်ထားတဲ့ video ကိုကြည့်ပြီးရှောင်းကျန့်ရဲ့မျက်နှာကခရမ်းချဉ်သီးလေးလိုနီရဲလာရတယ် မူးလာရင်စိတ်ထဲရှိတဲ့အတိုင်းထုပ်ပြောတက်တဲ့ကိုယ့်အကျင့်ကိုယ်သိရဲ့နဲ့ မူးအောင်သောက်မိတဲ့သူကကိုမှားတာ
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024