Part 11 ♡

2.4K 116 0
                                    

(Unicode)

"shen ri kuai le (Happy Birthday) ချန်းမင်း မွှေးနေ့မှပျော်ရွှင်ပါစေ ဒါကမင်းအတွက်လက်ဆောင်"

"ကျန့်ကောကတော့လုပ်ပြီး လက်ဆောင်တွေဘာတွေမဝယ်လာပါဆိုနေဗျာ"

"shen ri kuai le ရော့"

"ကျေးဇူးနော်ကျန့်ကောနဲ့ရိပေါ်"

ရှောင်းကျန့်ကမ်းပေးလာတဲ့လက်ဆောင်နဲ့ရိပေါ်ပြစ်ပေးလာတဲ့လက်ဆောင်ကိုဖမ်းယူလိုက်ရင် ချန်းမင်းကကျေးဇူးတင်စကားပြောကာ ကြိုတင်ပြင်ဆင်ထားတဲ့ VIP အခန်းထဲကိုခေါ်လာလိုက်တယ် အရင်နှစ်တွေကမွေးနေ့ဆိုရင် ရိပေါ်ကလက်ဆောင်ပစ္စည်းသာပေးပြီး ဒီလိုလူကိုယ်တိုင်လာရောက်ချင်မရှိဘူး ဒီနှစ်တော့ရိပေါ်ကရှောင်းကျန့်နဲ့အတူပါလာတာမို့ ချန်းမင်းကတကယ်ကိုပျော်နေမိတယ် ရိပေါ်ကသူရဲ့အလုပ်ရှင်လဲဖြစ်သလို သူရဲ့idolလဲဖြစ်တယ် ကိုယ့်မွေးနေ့မှာ ကိုယ်သဘောကြရနဲ့ idol နဲ့ဖြတ်သန်းခွင့်ရတာလောက်ပျော်ရွှင်စရာကောင်းတာရှိပါဦးတော့မလား

"ရိပေါ်!!"

ရှောင်းကျန့်နဲ့အတူအခန်းထဲပါလာတဲ့ရိပေါ်ကိုကြည့်ပြီး ရှင်းမီလီနဲ့ဟန်မင်းကအံဪသွားရတယ် သူမတို့ရဲ့မင်းသားကဘယ်တုန်းကစ ဒီလိုမွေးနေ့ပွဲတွေကိုလာတတ်သွားရတာလဲ

"လာချင်လွန်းလိုမဟုတ်ဘူး အတင်းဆွဲခေါ်ခံလာရလို!!"

"ဝမ် ရိ ပေါ်!!"

ရှင်းမီလီနဲ့ဟန်မင်းရဲ့အကြည့်တွေကိုသဘောပေါက်စွာ ရိ‌ပေါ်ကရန်တွေ့လိုက်မိတော့ ရှောင်းကျန့်စီကငေါက်ခံလိုက်ရတယ် တကယ်လည်းရိပေါ်ကသူ့ပါးနဲ့မားရဲ့မွေးနေ့ပွဲကလွဲလို ဘယ်သူမွေးနေ့ပွဲကိုမှသွားလေ့မရှိသလို သူကိုယ်တိုင်ကလည်းမွေးနေ့ပွဲလုပ်လေ့မရှိဘူး အခုလည်းတကယ်မလိုက်ချင်ပါဘူးလို့ငြင်းနေတဲ့ကြားက ‌ရှောင်းကျန့်ဆွဲခေါ်ရာနောက်ပါလာရချင်ဖြစ်တယ်

"နှစ်ယောက်သားအချစ်စမ်းမယ်ဆိုလည်း အခန်းပြန်ရောက်မှစမ်းကြပါ ကျွန်တော်မွေးနေ့ပွဲလေးကိုတော့ချမ်းသာပေးပါဗျ"

အကြည့်ချင်စစ်ဖြစ်နေတဲ့နှစ်ယောက်ကြား ချန်းမင်းကပဲဝင်ခွဲလိုက်ရတယ် တစ်နှစ်မှတစ်ရက်ပဲရှိတဲ့ မွေးနေ့လေးမှတော့ သူများအချစ်စမ်းမယ်ပွဲကိုထိုင်မကြည့်ချင်းပါဘူးနော်

Falling In Love To My Stylist  (Completed)Where stories live. Discover now