(Unicode)
ကင်မရာရှေ့ရိပေါ်ကဘယ်လောက်ပဲအာရုံစိုက်ထားပါစေ သူစိတ်က 'အောက်ထပ်ကစားသောက်ခန်းမထဲလာခဲ့နော် စောင့်နေမယ်' ဆိုတဲ့အမျိုးသမီးရဲ့စကားကိုပဲကြားယောင်နေတာကြောင့် ဘယ်လိုမှကင်မရာအရှေ့မှာအာရုံ
သေချာမစိုက်နိုင်ဘူးဖြစ်နေတယ် ရှောင်းကျန့်က့အဲအမျိုးသမီးနဲ့သွားမတွေ့လောက်ပါဘူးနော် တကယ်လို့ သွားတွေ့နေရင်ရော သူဘယ်လိုလုပ်မလဲ အဲ့အမျိုးသမီးကရှောင်းကျန့်ကိုဟိုထိ ဒီထိနဲ့အသားယူနေရင်ရော..."ကျစ်!!"
"ကဒ်!! ရိပေါ်အဆင်မပြေသေးရင် ခဏလောက်နားကြရအောင်"
ဒီအခန်းကိုရိုက်နေတာ ကြာနေပြီးဆိုပေမယ့် အာရုံမစိုက်နိုင်ဖြစ်နေတဲ့ရိပေါ်ကြောင့် ခဏခဏပြန်ရိုက်နေရသည်မှာ အကြိမ်ပေါင်းမနည်းတော့ဘူး ရိုက်ကွင်းကလူများမှာလည်း အာရုံမစိုက်နိုင်ဖြစ်နေတဲ့ရိပေါ်ကိုကြည့်ကာအံဪနေကြရတယ် သူတိုသိတဲ့ရိပေါ်ကဒီလိုတစ်ခါမှဖြစ်ဖူးတာမျိုးမရှိဘူး
ဒီ Hotel ကြော်ငြာကိုလက်ခံရိုက်ကူးပေးတဲ့ ဒါရိုက်တာမှာလည်း ရိပေါ်နဲ့ဆယ်ကြိမ်ထက်မနည်းအတူအလုပ်တွဲလုပ်ဖူးပေမယ့် ရိပေါ်ဒီလောက်ထိ ကျစ်!! စုတ်သတ်ကာ အလုပ်ပေါ်အာရုံမစိုက်နိုင်တာကိုတော့ ပမထဆုံးကြုံဖူးချင်ဖြစ်တယ် စိတ်ရှုပ်ထွေးနေတဲ့ရိပေါ်ကိုကြည့်ကာ ဘယ်လိုမှဆက်ရိုက်လိုအဆင်မပြေဘူးဆိုတာကို ဒါရိုက်တာကနားလည်းတာကြောင့် ခဏလောက်အရင်ပြန်ပေးနားဖို့သာဆုံးဖြတ်လိုက်ရတယ်
"Sorry ကျွန်တော်ဘယ်လိုမှအာရုံစိုက်မရလို့"
"ရတယ် ရတယ် ထမင်းစားချိန်လည်းရောက်နေပြီးဆိုတော့ တစ်ခါထဲထမင်းစားနားလိုက်ကြတာပေါ့"
ဒါရိုက်တာရဲ့စကားအဆုံး ရိပေါ်ကခေါင်းတစ်ချက်သာညိတ်ပြ၍ သူအခန်းဘက်ကိုခပ်မြန်မြန်လျှောက်လာလိုက်ရင်း စိတ်ထဲလည်းအခန်းမှာရှောင်းကျန့်ရှိနေပါစေလို့ ထပ်ခါထပ်ခါဆုတောင်းနေမိတယ် ကျေးဇူးပြု၍ရှောင်းကျန့်အဲဒီမျိုးသမီးနဲ့ထပ်မပတ်သတ်ပါစေနဲ့တော့
ဒါဟာရိပေါ်အတွက်ပထမဆုံးဆုတောင်းဖူးချင်ဖြစ်ပေမယ့် သူဆုတောင်းတွေမပြည့်ကြောင်းကိုတော့ အခန်းထဲနှစ်ယောက်ထဲသာကျန်ရှိနေတဲ့ရှင်းမီလီနဲ့ယွီချန်းမင်းကသက်သေပြနေတယ်
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024