Part 24 ♡

2K 141 6
                                    

(Unicode)

"ယွမ်အားရဲ့အမေကယွမ်အားကိုမွေးပြီးတစ်ပတ်လာက်မှပဲ အိမ်ကထွက်သွားတာ ယွမ်အားအဖေကလည်း ယွမ်အားလသားအရွယ်မှာပဲ car accident ဖြစ်ပြီးဆုံးသွားတာ ယွမ်အားကကံဆိုးတယ်ပဲပြောရမယ် တစ်ဦးတည်းကျန်ရှိတဲ့အဖွားကလည်း လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှဆုံးသွားရှားတာ နောက်ပြီးဒီကလေးကအသက်နဲ့မလိုက်အောင် အရမ်းသိတက်ပြီး ရင့်ကျင့်တယ် ယွမ်အားကိုကောင်းမွန်တဲ့မိသားစုတစ်ခုကနေမွေးစားခံစေချင်မိတယ်ကွယ်"

ဂေဟာမူးရဲ့စကားတွေကိုနားထောင်ပြီး ရှောင်ကျန့်ရင်ထဲယွမ်အားအတွက်တကယ်မစိတ်ကောင်းဖြစ်မိတယ် နောက်ပြီးယွမ်အားကအသက်နဲ့မ‌လိုက်အောင်ရင့်ကျင့်နေတာမဟုတ်ပဲ သူ(ယွမ်အား)ကြောင့် သူများအနှောက်ယှက်မဖြစ်ရလေအောင် ရင့်ကျင့်ဟန်ဆောင်ပြနေတယ်ဆိုတာကို ရှောင်းကျန့်ကသိတယ် ဘာရယ်ကြာင့်မှန်းမသိ ယွမ်းအားကိုမြင်မြင်ချင် ရှောင်းကျန့်ကသံယောဇဉ်ဖြစ်မိတယ် ယွမ်အားမရခဲ့တဲ့ မေတ္တာတွေကိုသူကအစားထိုးပေးချင်မိတယ်

"မောင် ကျွန်တော်တို့ခဏလောက်စကားပြောရအောင်"

ရှောင်းကျန့်ကရိပေါ်ကိုခေါ်ကာ လူရှင်းတဲ့တစ်ဖက်ချမ်းကိုထွက်လာလိုက်တယ် ဒီနေ့ယွမ်အားမပါပဲ ဒီဂေဟာကနေ သူခြေတစ်လှမ်းမှတောင်ခွါနိုင်မယ်မထင်ဘူး

"မောင် ကျွန်တော်..."

"ပေါင်းပေါင်းသဘော"

"ကျွန်တော်ဘာမှမပြောရသေးဘူးလေးမောင်ရဲ့"

"ကောဘာပြောမလဲဆိုတာကို မောင်ကကြိုသိနေပြီးသားပဲဟာ"

ဂေဟာမူနဲ့ ယွမ်အားဆိုတဲ့ကလေးအကြောင်း စကားစမျည်းမပြောခင်ထဲက ယွမ်အားကိုကြည့်နေတဲ့ရှောင်းကျန့်ရဲ့အကြည့်တွေကို ရိပေါ်ကမြင်တယ် ရှောင်းကျန့်ကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့သူက ရှောင်းကျန့်ဘာလုပ်ချင်နေလဲဆိုတာကို ကြိုသိပြီးသားဖြစ်တယ်

"ကျွန်တော်ကိုစုန်းထီးလိုခေါ်နေတဲ့ မောင်ကမှတကယ်စုန်းထီးလေဆိုတာသိရဲ့လားဟင် ဒါနဲ့မောင်တကယ်အဆင်ပြေပါတယ်‌နော်"

Falling In Love To My Stylist  (Completed)Where stories live. Discover now