Part 20 ♡

1.7K 136 8
                                    

(Unicode)

ကဒ်!!!

"ဝမ်ရိပေါ်ကတော့ ဝမ်ရိပေါ်ပါပဲ ပြန်ရိုက်စရာမလိုအောင်ကိုတစ်ခေါက်ထဲနဲ့မုသွင်းပြီးသရုပ်ဆောင်နိုင်တာ"

ဒါရိုက်တာရဲ့ချီးကျူးစကားကို ရိပေါ်ကခေါင်းညိမ်ရင်လက်ခံရင်း မီလီကျဲကမ်းပေးလာတဲ့ရေဘူးကိုယူကာ မော့သောက်လိုက်တယ်

"ကဲ အားလုံးပဲမိနစ်၃၀နားကြမယ် ရိပေါ်လည်းအေးဆေးအနားယူလိုက်ပါအုံး"

"အင်း"

နားချိန်ရတာနဲ့ရိပေါ်ကခပ်ခပ်မြန်မြန်ပဲ သူအတွက်သီးသန့်ပြင်ဆင်ပေးထားတဲ့ အဆောင်စီကိုထွက်လာလိုက်တယ် အဆောင်ထဲရောက်တာနဲ့ ရိပေါ်ကစားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုလှမ်းယူလိုက်ပြီး ဆိုဖာပေါ်ဝင်ထိုင်ရင် ရှောင်းကျန့်စီကိုဖုန်းခေါ်လိုက်တယ်

အနောက်ကနေလိုက်လာတဲ့ရှင်းမီလီနဲ့ အခန်းထဲမှာစောင့်နေရတဲ့ယွီချန်းမင်းမှာ အချစ်မှာနစ်ဝင်ကာ ပျော်ဝင်နေတဲ့ရိပေါ်ကိုကြည့်ပြီး တကယ်ကိုအမြင်ကပ်လာမိတယ် ရည်းစားမထားဖူးတာသိပေမယ့် ဒီလောက်ကြီးကြမလွန်လွန်ဘူးလား အခုသူတို့ရှေ့က ရိပေါ်က အရင်တုန်းကရိပေါ်နဲ့ ရေနဲ့မီးလိုကိုကွာခြားနေတာ

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်အချိန်တွင်းပြန်လည်ဖြေကြားခြင်းမရှိသည်အတွက် ခေတ်သစောင့်ဆိုင်းပြီးမှပြန်လည်ခေါ်ဆိုပါ ဆိုတဲ့အသံကို 5ခေါက်မြှောက်ကြားပြီးတဲ့ အချိန်မှာတော့ ရိပေါ်ကအတော်လေးမျက်မှောင်ကြုပ်မိနေပြီးဖြစ်တယ်

ရိပေါ်ကအချိန်ခဏလောက်ကြည့်သင့် မကြည့်သင့် စဉ်းစားလိုက်ပြီးမှာ သူဖုန်းထဲကနေ သူအခန်းရဲ့ CCTV ကိုစစ်ကြည့်လိုက်တယ် entertainment ကပေးတဲ့အခန်းကိုပြောင်းလာပြီး နေထိုင်ထဲက ရိပေါ်က သူအခန်းတွင်း ပတ်ပတ်လည်နဲ့ အခန်းပြင်ပတ်ပတ်အထိ CCTV တပ်ဆင်ထားချင်ဖြစ်တယ် အစကတော့သူကိုယ်သူကာကွယ်ဖို့အတွက် CCTV တပ်ဆင်ထားတာဖြစ်ပေမယ့် အခုတော့ အခန်းမှာရှောင်းကျန့်ရှိ မရှိနဲ့ ရှောင်းကျန့်ဘာလုပ်နေလဲဆိုတာ စစ်ဆေးဖို့အတွက်ဖြစ်လာပြီး

ဘယ်သူနဲ့မှန်းမသိဖုန်းပြောကာ ရေချိုးသန့်စင်ပြီး သပ်သပ်ရပ်ရပ်နဲ့အပြင်ထွက်သွားတဲ့ ရှောင်းကျန့်ရဲ့ပုံရိပ်ကိုကြည့်ကာ ရိပေါ်ကမဆိုစလောက်လေးဒေါသထွက်လာတယ်

Falling In Love To My Stylist  (Completed)Where stories live. Discover now