(Unicode)
"ဘာတွေဖြစ်နေတာလဲပါးမား ကျန့်ကျန့်"
နားလည်မူလွှဲကာအခြေတင်ဖြစ်နေတဲ့စကားဝိုင်းက ကျိုးချန်တို့ရောက်လာမှသာအဆုံးသတ်သွားရတယ်
ပုံမှန်ငါးယောက်သာရှိတဲ့မိသားစုထမင်းဝိုင်းမှာတော့ ဒီနေ့မှတစ်ယောက်တိုးလို့ ခြောက်ယောက်ဖြစ်နေတယ်
ရှောင်းကျန့်စီကဝမ်ရိပေါ်နဲ့တွဲနေတယ်ဆိုတဲ့အကြောင်းကို သိရတဲ့အခါမှာတော့ မိသားစုဝင်အားလုံးကအနည်းငယ်တော့အံဪသွားမိကြတယ် တသက်လုံးလူပျိုကြီးဘဝနဲ့အရိုးထုပ်သွားတော့မယ်ထင်တာတဲ့လူက ကောက်ခါငင်ခါရည်စားရသွားတော့ သူတို့်မှာမအံဪပဲမနေနိုင်ဘူး
"ပုံမှန်ဆိုကျွန်တော်ကဒီလိုတစ်စွတ်ထိုးလုပ်တက်တဲ့လူမဟုတ်ပါဘူး အခုကသဝန်တိုလွန်းသွားလိုဖြစ်သွားတာပါ"
ရုပ်တည်ကြီးနဲ့သူမိဘနှစ်ပါးကိုကြည့်ကာပြောနေတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ကမျက်နှာမဲလိုက်မိတယ် အမြဲတမ်းစိတ်ထင်ရာတစ်စွတ်ထိုးလုပ်နေတဲ့လူက 'ပုံမှန်ဆိုကျွန်တော်ကဒီလိုတစ်စွတ်ထိုးလုပ်တက်တဲ့လူမဟုတ်ဘူး'တဲ့ ဘာကိုမဟုတ်တာလဲ မပြောလိုက်ချင်ဘူး
"ထားပါတော့ ဒါနဲ့ဘယ်တုန်းထဲကတွဲဖြစ်သွားကြတာလဲကျန့်အား မားတို့လဲဘာမှမသိရပါလား"
"သုံးလလောက်တော့ရှိပြီးမား ပြောပြဖို့အခွင့်ရေးမရသေးလို မပြောဖြစ်တာပါ"
"အတိကျဆိုရင်တော့ သုံးလ ၊ ငါးရက် ၊ နှစ်ဆယ်တစ်နာရီနဲ့လေးဆယ်ငါးမိနစ်ရှိပါပြီး"
"ဟမ်း!!"
ရှောင်းကျန့်ရဲ့စကားအဆုံး ထပ်ဖြေလိုက်တဲ့ရိပေါ်ရဲ့အဖြေကြောင့်အားလုံးက ကြောင်အမ်းပြီးမှပြုံးသွားရတယ် လူတစ်ယောက်ကိုအပြင်ပန်ပုံစံကြည့်ပြီး ဆုံးဖြတ်လိုမရဘူးဆိုတာကိုလည်းလက်ခံလိုက်ကြတယ် ရှောင်းမေရီတို့အနေနဲ့ ရိပေါ်အလုပ်ကြိုးစားတဲ့အကြောင်းအပြင် ဒေါသကြီးတဲ့အကြောင်း စိတ်သိပ်မမှန်တဲ့အကြောင်းတော်တော်များများကိုလည်းသိသင့်သလောက်တော့သိထားကြပြီး လက်တွေ့လည်းကြုံထားရပြီးပြီးမို့ ရှောင်းကျန့်အတွက်စိတ်ပူမိတာတော့အမှန်ပဲ သူမရဲ့သားကအသက် ၃၀ အရွယ်ရောက်တဲ့ထိ ရည်းစားထားဖူးခဲ့ချင်ရှိတာမဟုတ်ဘူး
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024