(Unicode)
"ကော မောင်မှားသွားပါတယ် နောက်ဆိုရင်မောင်ဒီလိုမျိုးတွေထပ်မလုပ်တော့ဘူးလိုဂတိပေးပါတယ် မောင်ကိုစိတ်မဆိုးပါနဲ့နော်"
ဝရံတာမှာရပ်ပြီး ပေကျင်းမြို့ရဲ့အလှပကိုခံစားနေတဲ့ရှောင်းကျန့်ကိုအနောက်နေ ရိပေါ်ကဖက်တွဲလိုက်ရင် စကားဆိုလိုက်တယ်
"မောင် ကျွန်တော်တို့..."
"ဟင်းအင်း! မောင်သဘောမတူနိုင်ဘူးရှောင်း မောင်ကောကိုလမ်းမခွဲပေးနိုင်ဘူး ဘယ်တော့မှလဲခွဲပေးနိုင်မယ်မထင်ဘူး မောင်မှားပါတယ် မောင်အမှားလဲမောင်သိပြီးမို့ နောက်ထပ်ဒီလိုမဖြစ်စေရဘူးလေးနော် ပေါင်းပေါင်းမရှိရင်မောင်တကယ်မဖြစ်ဘူး"
ရှောင်းကျန့်ပါးစပ်ကနောက်ထပ်ထွက်လာမယ့်စကားလုံးတွေကို ရိပေါ်ကနားမထောင်နိုင်စွာ ခေါင်းကိုအဆက်မပြတ်ခါလိုငြင်းဆိုမိတယ် သူလုပ်ရက်တွေကို ရှောင်းကျန့်လက်မခံနိုင်တာကို ရိပေါ်ကနားလည်ပါတယ် ဒါပေမယ့်ရှောင်းကျန့်နဲ့တော့သူလုံးဝလုံးဝလမ်းမခွဲနိုင်ပါဘူး အဲဒီအစားရှောင်းကျန့်စိတ်ပြေတဲ့အထိ သူကစိတ်ရှည်ရှည်နဲ့တောင်းပန်ရမယ်
"ဟမ်း! မောင်ဘာတွေပြောနေပြန်တာလဲ"
ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ကခတ္တခဏကြောင်အ သွားရတယ် သူဘယ်တုန်းကများရိပေါ်ကိုလမ်းခွဲမယ်လိုပြောလိုက်မိတာပါလိမ့်
"ပေါင်းပေါင်းမောင်ကိုဘယ်လောက်ထိစိတ်တိုနေလဲဆိုတာမောင်သိပါတယ် မောင်ကပေါင်းပေါင်းစိတ်ပြေတဲ့အထိချော့ပါမယ် ဒါကြောင့်လမ်းခွဲမယ်ဆိုတဲ့စကားကိုလုံးဝမပြောပါနဲ့နော် မောင်မှားသွားပါတယ် မောင်တောင်းပန်ပါတယ်ပေါင်းပေါင်း ဒီတစ်ခါလေးပဲမောင်ကိုထပ်ပြီးခွင့်လွှတ်ပေးပါနော်"
"ကျွန်တော်ခဏကမောင်ကိုစိတ်တိုမိတာမှန်ပါတယ် ဒါပေမယ့် အခုမောင်ဘာတွေပြောနေလဲဆိုတာကိုတော့နားမလည်ဘူး ကျွန်တော်ကမောင်ကိုလမ်းခွဲမယ်လိုဘယ်တုန်းကများပြောလိုက်မိလို့လဲမောင်ရဲ့"
"ပေါင်းပေါင်းပဲခဏက ^မောင် ကျွန်တော်တို့လမ်းခွဲကြရအောင်လို့^ ပြောတော့မလိုမဟုတ်ဘူးလား မောင်ကတော့ပေါင်းပေါင်းကိုလုံးဝလမ်းမခွဲမပေးနိုင်ဘူး"
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024