(Unicode)
"ကျစ်!! ကျဲရဲ့ဝူယွမ်းကဘယ်ရောက်သွားပြန်တာလဲ 7နာရီကြရင်ရှိုးပွဲတစ်ခုထက်သွားရမှာမသိဘူးလား ဒီကောင်!!"
ကုတင်ပေါ်ထိုင်ရင်ခေါင်းသုပ်နေတုန်း အခန်းတံခါးဖွင့်သံကြားတာကြောင့်လှည့်ကြည့်လိုက်တော့ အခန်းထဲပြန်ဝင်လာတဲ့ မီလီနဲ့သူ့ရဲ့makeup artist ယွီချန်းမင်းကိုပဲတွေ့လိုက်ရပြီး ဝူယွမ်းကိုမတွေ့တာကြောင့် ရိပေါ်ကမေးလိုက်တယ်
"ရိပေါ်ပဲဝူယွမ်းနဲ့တွဲမလုပ်နိုင်တော့ဘူးဆို!!"
မီလီကကဆူပုပ်ပုပ်နဲ့ပြောလာတဲ့ ရိပေါ်ကိုမျက်စောင်းလှမ်းထိုးရင်ပြန်ပြောလိုက်တယ် ဝမ်ရိပေါ်တို့စိတ်အပြောင်းလှဲမြန်ချက်က ခဏကဝူယွမ်းကိုသေမလိုနှင်ထုပ်နေတာ သူမဟုတ်တော့တဲ့အတိုင်းပဲ့
"ဟ အဲ့လိုဆိုတိုင်း ဒီအတိုင်းထားခဲ့လို့ရမလား Stylist အသစ်ရတဲ့အထိစောင့်ရမှာပေါ့ သွား!! အခုချက်ချင်းအဲကောင်သွားဆွဲခေါ်လာခဲ့"
"ဝမ်ရိပေါ်တို့ကတစ်စိတ်ရှိဒေါသထွက်မယ်ဆိုတာကြီးပဲ ညနေ့ပွဲအတွက်တော့မပူနဲ့ ရိပေါ်အတွက် ceo က Stylist အသစ်ခန့်ပေးထားတယ် ခဏနေရင်ရောက်လာလိမ့်မယ်"
"ပြီးတာပဲ အသစ်လာမယ်ကောင်ကိုလဲအချိုးပြေပြေအလုပ်လုပ်ဖို့မှာထားအုန်းနော်ကျဲ"
"ဒီတစ်ယောက်ကတော့ ရိပေါ်လုံးဝစိတ်တိုင်းကြစေရမယ်လို့ ကျဲအာမခံတယ်"
"ကျဲဒီလိုပြောနေတာဘယ်နှစ်ခါရှိနေပြီးလဲ"
"ကျဲကိုပဲအပြစ်တင်မနေနဲ့ ရိပေါ်ဒေါသကြီးတာလဲထည့်ပြောဦး ဒေါသနည်းနည်းလေးထွက်တာနဲ့တွေ့ရာနဲ့ကောက်ပေါက်နေမှာတော့ ဘယ်သူကကြာကြာသည်းခံနိုင်မှာလဲ"
"သူတို့ကအရင်ကျွန်တော့်ကိုဒေါသထွက်အောင်လုပ်တာကရောထည့်ပြောဦးလေး အားတိုင်းကျွန်တော်ကဒေါသထိုင်ထွက်နေလို့လား"
"နှစ်ယောက်လုံးတော်ပါတော့ ရိပေါ်အဆင့်သင့်ဖြစ်ရင် makeup စပြင်လိုက်ကြရအောင် ပွဲကို 6ခွဲအရောက်သွားရမယ်မဟုတ်ဘူးလား"
ငြင်းခုန်နေတဲ့မီလီနဲ့ရိပေါ်ကြား ယွီချန်းမင်းကပဲ့ဝင်တားလိုက်တယ် ရိပေါ်ကခေါင်းသုတ်နေတာကိုရပ်လိုက်ပြီး မလှမ်းမကန်းမှရပ်နေတဲ့မီလီကိုဝင်တိုက်လို့ မှန်တင်ခုံရှေ့ဝင်ထိုင်လိုက်တယ်
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024