(Unicode)
ရှောင်းကျန့်ပါးစပ်က "ဝမ် ရိ ပေါ် " ဆိုတာနဲ့ရှောင်းကျန့်သဘောအတိုင်းဖြစ်သွားတဲ့ ရိပေါ်ကြောင့် ဒီလတွေထဲရှင်းမီလီ ၊ ချန်းယွီနဲ့ဟန်မင်းတို့အတွက် ရိပေါ်နဲ့အလုပ်တွဲလုပ်ရချင်မှာ အတော်လေးကိုအဆင်ပြေပြီး အနေချောင် အစားချောင်ဖြစ်နေတာကြောင့် အတော်လေးပျော်ရွှင်နေကြရတယ်
အရင်လိုပုံစံတစ်မျိုးထဲနဲ့မဟုတ်တော့ပဲ မတူညီတဲ့ဒီဇိုင်းတွေကို ရိပေါ်နဲ့လိုက်ဖက်အောင်ပြင်ဆင်ပေးတက်တဲ့ရှောင်းကျန့်ကြောင့်လည်း ရိပေါ်ရဲ့နာမည်က ရှာဖွေမူအများဆုံးနဲ့ အမြဲ #1 ကဆင်းရတယ်ကိုမရှိဘူး ဒါအပြင်တနေ့တနေ့တိုးလာလိုက်တဲ့ follow ဆိုတာလဲမရေတွက်နိုင်လောက်အောင်ထိပဲ
အလုပ်စဝင်တုန်းကလို့ ရှောင်းကျန့်တစ်ခွန်းပြောလိုက်တာနဲ့ ဆယ်ခွန်းလောက်ပြန်ရန်တွေ့တက်တဲ့ရိပေါ်ကဂျိုနဲ့လာ တောင်ပြန်မေးယူရတဲ့အထိ ရိပေါ်ကပြောင်းလဲသွားတယ် fan တွေအပေါ်လဲအရင်လိုအေးစက်စက်အပြုမူမျိုးမရှိတော့ပဲ ရှောင်းကျန့်သင်ပေးတဲ့အတိုင်း ရိပေါ်ကဘက်ကအတက်နိုင်ဆုံးပြန်နွေးထွေးပေးပြီး fan တွေမေးတဲ့မေးခွန်းတွေကိုလည်း ဘုကန့်လန့်ဖြေတာတွေနည်းပါးလာတယ်
တဖြည်းဖြည်းချင်ပြောင်းလဲလာပေးတဲ့ရိပေါ်အပေါ် ရှောင်းကျန့်ဖက်ကလည်း အရင်လိုခါးခါးသီးသီးငြင်းဆံတာမျိုးတွေမလုပ်တော့ပဲ တချို့အရာတွေဆိုမသိသလိုကျော်သွားပေးလိုက်တယ် ဒါကြောင့်နှစ်ယောက်ကြားကဆက်ဆံရေးကလည်း အတော်လေးကောင်းမွန်လာတယ်
နှစ်ယောက်ကြားကဆက်ဆံရေးကောင်းမွန်လာတာနဲ့အမျှ မထိ တထိနဲ့ ရှောင်းကျန့်အပေါ် ရိပေါ်ရဲ့အသားယူမူနှုန်းကလည်းပိုပိုများလာတယ် ဥပမာ ဘေးချင်ကပ်နေတဲ့ရှောင်းကျန့်ရဲ့အခန်းကိုတံခါးမရှိ၊ဓားမရှိဝင်ထွက်တာမျိုး ရှောင်းကျန့်ရဲ့ပါးကို မထိတထိခဏခဏနမ်းတက်တာမျိုး လူလစ်ရင်လစ်သလို ရှောင်းကျန့်ကိုအသက်ရှူကြပ်တဲ့အထိဖက်ထားတက်တာမျိုး သူ့အနားလာကပ်တဲ့ဘယ်သူကိုမဆို ရန်လိုတဲ့မျက်လုံးတွေနဲ့ပေါက်ထွက်မတက်စိုက်ကြည့်တက်တာမျိုး နောက်ပြီးအဲလို့သူကိုကြည့်တဲ့လူတွေစီကလည်းအကြည့်ခံရမလားဆိုပြီး မနားတမ်းရစ်တက်တာမျိုး
YOU ARE READING
Falling In Love To My Stylist (Completed)
RomanceYiZhan Start Date - 5.April.2024 End Date - 15.September.2024