Part 21 ♡

1.7K 138 4
                                    

(Unicode)

"ဟိုလေ အန်က..."

"သားရှောင်းအသာနေအုံး ဒီနေ့ဒီကောင်ကိုအပြတ်ရှင်းမှကိုဖြစ်တော့မယ် ဒီကောင်အဖေကိုအဖေမှန်းမသိ အကြီးကိုအကြီးမှန်းမသိနဲ့ မင်းအဲ့လောက်ထိဝမ်မျိုးရိုးကနေ ထွက်ချင်နေတယ်ဆိုရင်လဲ ကြွ!ကြွ! ထွက်သွား! ငါကလည်းတားမနေဘူး မင်းကိုသားအဖြစ်ကပါစွန့်လွှတ်ကြောင်းသတင်းစာတွေထဲမှာပါထည့်ပေးလိုက်မယ် ဟုတ်ပြီးလား ငါလုပ်လိုလူဖြစ်လာရတဲ့ကောင်ကများ!"

"ကျစ်! ဒယ်ဒီဘယ်တုန်းကဒီလောက်ထိရွဲ့တက်သွားတာလဲ"

"ဪ အေးအေး ငါကပဲရွဲ့တယ်ဖြစ်ရသေး မင်းသောက်ချိုးမပြေတာကြ ကိုယ့်ကိုကိုယ်မသိဘူးလား! အမြဲတမ်းမင်းအဲဒေါသကိုပဲထိပ်တန်းတင်နေ"

"ကျစ်! ဒါတော့ဒယ်ဒီကျွန်တော်ကိုသက်သက်ပြသနာရှာနေတာဖြစ်သွားပြီး! ဒယ်ဒီကအရင်ကျွန်တော်လူကိုကျွန်တော်မသိအောင်ခေါ်တွေ့တာနော် ကျွန်တော်ကိုအပြစ်ပုံချဖို့စဉ်းစားမနေနဲ့ ကိုယ်အပြစ်ကိုယ်သိ!"

"ငါကိုများကိုယ်အပြစ်ကိုယ်သိတဲ့ ငါသာဒီလိုမခေါ်တွေ့ပဲ မင်းခေါ်လာပြမှာကိုစောင့်နေမယ်ဆိုရင် နောက်ဘဝကူးသွားလိမ့်မယ်"

"တွေ့ချင်းတယ်ဆိုရင်လည်း ကျွန်တော်ကိုကောင်းကောင်းမွန်မွန်ပြောလေး! အခုလိုကျွန်တော်မသိအောင်ခေါ်ပြီး သဘောမတူသလိုလို ဘာလိုလိုပြောတာကြကောင်းလား ဒယ်ဒီလုပ်ပုံကကိုဟုတ်မနေဘူး ပြီးရင်ကျွန်တော်ကပဲအချိုးမပြေဘူးဖြစ်ရတယ်"

"နှစ်ယောက်စလုံးတော်ပါတော့ ဘာမဟုတ်တာလေးကို ဘာလိုရန်ဖြစ်နေကြတာလဲဟင်"

အစကတော့ သားဖနှစ်ယောက်ကြားဝင်ပါဖို့စိတ်ကူးမရှိပေမယ့် သူတစ်ခွန်း ၊ ကိုယ်တစ်ခွန်းနဲ့မပြီးနိုင်တော့တဲ့ရန်ပွဲကြား ရှောင်းကျန့်က စိတ်ရှုပ်လာရတာကြောင့် ကြားဝင်ကာတားလိုက်မိတယ် သူမတားမချင်းဒီသားဖကရန်ဖြစ်လိုပြီးမှာမဟုတ်တော့ဘူး

"ဘာကိုတော်....အာ့! နာတယ်!"

"ရှောင်းကိုယ်တကယ်နာတယ်!"

"ရှောင်းလွှတ်ကွာ ကိုယ်အရမ်းနာနေပြီး!"

"အာ့! ကိုယ်မှားသွားပါတယ် ကျန့်ကောလွှတ်တော့နော်!"

Falling In Love To My Stylist  (Completed)Where stories live. Discover now