"သားကြီး.... မင်းအခုမှ ရောက်လာရလားကွာ....
ဘာလဲ မင်းfatherကြီး ကျေးဇူးကြောင့်နဲ့ အမတ်ချုပ်ကြီး ရဲ့ မွေးနေ့ကို ရောက်အောင်သွားပေးရတာမလား...."
ကားပြိုင်ကွင်းထဲသို့ ဝင်လာသည့် Ferrari SF90 Stradale ပေါ်မှ ဆင်းလာသော အရပ်ခပ်မြင့်မြင့် ၊ suit အပြည်ကို ဝတ်ထားပြီး ကြွားဝါခြင်းမရှိတဲ့ သူမ ကတော့ ကျိန်းသေပေသည်။
ခက်ဖူးသော်မောင် ဆိုတာပင်။
"တော်စမ်းပါကွာ.... မသွားရင် အမွေဖြတ်မယ်ဆိုလို့သာ သွားရတာ....."
"မင်းလည်းနော် အမွေနဲ့ ကိုင်ပေါက်မှ ရတော့တယ်...."
"ငါက ပိုက်ဆံကိုပဲ ချစ်တာကိုး...."
"မင်းလာတာနောက်ကျတယ်.... ဟိုမှာ ပြိုင်ပွဲကတောင် စနေပြီ...."
ဟုတ်ပေသည်။ ပြိုင်ကွင်းထဲတွင် သူမသာ ကိုယ်မသာ နှင့် တစ်ယောက်နှင့်တစ်ယောက် အပြိုင်မောင်းနေသည့် ကားနှစ်စီး....
မိတ်ဆက်ပေးရရင်တော့ အခု မောင် ရောင်နေသော နေရာက နိုင်ငံ ၏ အကြီးအကဲသားသမီးများ စိတ်အပန်းဖြေရာများထဲမှ တစ်ခုဖြစ်သည့် ပြိုင်ကားကွင်းထဲကိုပင်။
မောင် သည်လည်း ထိုအုပ်စုထဲမှ တစ်ယောက်ဖြစ်လေသည်။ ကားတွေကို စုဆောင်းရတာ ဝါသနာပါပြီး ထိုကဲ့သို့ ပြိုင်ပွဲများကို ကြည့်ရသည်ကိုလည်း အလွန်ကြိုက်နှစ်သက်လေသည်။ အကယ်လို့ အခွင့်အရေးများ ရလျှင် ကိုယ်တိုင်ပါဝင် ဆင်နွှဲတတ်လေသည်။
ထို့ကြောင့်ပဲ တစ်ခါက ကားမှောက်၍ ဆေးရုံတွင် နှစ်ပတ်လောက် လှဲနေလိုက်ရသေးသည်။
ဒါကတော့ လူတွေ သိပ်မသိတဲ့ သိပ်ကို အနေအေးပါသည်ဆိုသော မောင် ၏ အမှောင်ဘက်ခြင်းပင်။
"မိုက်တယ်ကွာ.... ငါတို့ဘက်ကကောင် နိုင်သွားတာ... ဟိုဘက်ကကောင်တွေကတော့ ငိုပေါ့...."
မထိတတိစနောက်လိုက်သည့် မောင် ၏ ဆိုးဖောက်ဆိုးဖက် သူငယ်ချင်းဖြစ်သူ စွမ်းဒါးဂုဏ်ရှိန်.....
ဟိုဘက်က အဖွဲ့ကတော့ အတော်လေးကို အထိနာသွားပုံပင်။ ဒေါသများထွက်သည်က တရှူးရှူး တရှဲရှဲဖြင့်....