အပိုင်း - ၄

41 4 0
                                    

"အိုးဟိုး.... ငါတို့ရဲ့ ဗိုလ်မှူးချုပ်လောင်းလျာလေး လာပါပြီ....."

ရှယ်ယာရှင်အစည်းအဝေးပြီး၍ လေးယောက်သား CEO ၏ ရုံးခန်းတွင် တွေ့နေကြခြင်းပင်။

မောင် မည်သည်မျှကို မပြောနိုင်ပဲ ခပ်ဟဟသာ ရယ်နေမိသည်။

"Pj အသစ်အတွက်ကတော့ ဟိုကောင် တပေါင်းနွေဦး လုပ်မှာဆိုတောာ့ ကိစ္စတော့မရှိဘူး...."

စကားပြောရင်းနှင့် မျက်နှာမကောင်းသည့် မင်းစေတမာ ကို သတိထားမိ၍.....

"ဟဲ့ မျက်နှာဘာဖြစ်နေတာလဲ...."

မောင့် အမေးကို မင်းစေတမာ ပြန်လည်ပြုံးပြကာ....

"ဘာမှ မဖြစ်ပါဘူးဟာ.... ဒီတိုင်း တရားဆွဲခံထားရလို့..."

"ဪ.... ဘာများ.... ဘာ!!!!"

ဘေးနားတွင် ထိုင်နေသော သုံးယောက်သား ထအော် လိုက်သော်...

"ငါတို့လူကို ဘယ်သူ တရားဆွဲတာလဲ.....

ဘာမှုနဲ့လဲ...."

"မုဒိန်းမှုနဲ့...."

ကျန်သုံးယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

မင်းစေတမာ ဆိုသည်က အမြဲတမ်း ရန်ဖြစ်တတ်သော်လည်း အချစ်ရေး နှင့် ကာမကိစ္စများကို လုံးဝကို အာရုံမစိုက်သည့်သူပင်။

"၃၇၆ နဲ့ တရားဆွဲခံထားရတာ...."

"နင့်ကို ဘယ်သူတရားဆွဲတာလဲ....."

"မသိပါဘူးဟာ.... ငါတို့အသိုင်းအဝိုင်းထဲကမဟုတ်ဘူး...."

"သိပြီ.... ကြည့်ရတာ ငါတို့ကို ဖြုတ်ချချင်တဲ့ တစ်ယောက်ယောက်က တစ်ဖက်လက်လှည့်နဲ့ လုပ်လိုက်တာနေမယ်....

စိတ်မပူနဲ့ ငါရှိနေသ၍ နင် ထောင်မကျစေရဘူး...."

နိုင်ငံရေးတွင် အာဏာရှိသည့် ဒုဗိုလ်မှူးချုပ်ဖြစ်သည့် ခက်ဖူးသော်မောင် တစ်ယောက် သူငယ်ချင်းဖြစ်သူ ၏ အမှုကို ကိုယ်တိုင်လိုက်ပေသည်။

"နင် ဘယ်တုန်းက သိတာလဲ တရားဆွဲခံရတာ...."

"ဒီနေ့မနက်မှကွာ...."

"စိတ်မပူနဲ့တော့ အမှုကို ကိုင်တဲ့ တရားသူကြီးက ငါ့မိတ်ဆွေ အမှုကို ပိတ်ခိုင်ထားလိုက်ပြီ...."

မောင့် စေတန်Where stories live. Discover now