မြချင်း ဖုန်းအား ဆင်းကိုင်လိုက်ချိန်....
တစ်ဖက်မှ ထွက်လာသည့် နှစ်ယောက်မရှိသော မိမိ ၏ မောင် အရင်းခေါက်ခေါက် လူစီဖာခရစ်.....
"ဟယ်လို.... မမ..."
"*ီးကို မမ လား.... အချိန်အခါကို နားမလည်တဲ့ကောင်...."
ဆဲလာသည့် အသံကြောင့် လူစီဖာ တစ်ယောက် ဘာများ အမှားလုပ်မိလို့လဲ ဆိုတာ စဉ်းစား၍မရပေ။
"ပြောစရာရှိတာ မြန်မြန်ပြော ဟဲ့... ငါ့မှာ တန်းလန်းကြီး..."
"တန်းလန်းကြီး?
အာ..... ပေါက်ပြီ ပေါက်ပြီ...."
တန်းလန်းကြီးဆိုမှ သဘောပေါက်သွားသော လူစီဖာ....
"နင် ငါ့ကို တစ်ချက်လောက် ကူညီပေးစမ်းပါဟယ်....
ငါလူတစ်ယောက်ကို ကားတင်ပြေးချင်လို့...."
"ဟမ်... ဘယ်သူ့ကိုလဲ..."
"နင့် ဇနီးလေးရဲ့ သူငယ်ချင်း မင်းစေတမာ ဆိုတဲ့တစ်ယောက်ကို...."
မြချင်း မျက်ခုံးပင့်မိသွားသည်။ ဟုတ်သည်လေ။ မြချင်း ရဲ့ မောင်ပဲ ဒီလောက်တော့ရှိမှာပေါ့။
"ငါပြောမယ်... ငါ့ကွန်ဒိုခန်းဘေးခန်းကို ငါထပ်ဝယ်ထားတယ်.... ငါအဲ့မှာ မနေတော့ နင်အဲ့ကောင်လေးကို မေ့ဆေးအုပ်ပြီး ကားတင်ပြေးလာလိုက်ရင် အဲ့ခန်းမှာ နေလိုက်....
ပစ္စည်းအစုံရှိတယ်.... ငါနေဖြစ်ရင် အဆင်ပြေအောင်လို့ အားလုံးအဆင်သင့်လုပ်ထားတာ....
ငါက ဒီဘက်အခန်းမှာ နေတော့ နင် အဲ့ဘက်အခန်းမှာ နေပေါ့ဟာ....
ဒါပဲ.... ငါဖုန်းချပြီ ထပ်ခေါ်ရင် နင့်ကို ငါတကယ်လာသတ်ပြီနော်...."
အံကြိတ်ပြီး ပြောသံကြောင့် လူစီဖာ ဘုရားပြန်တနေရသည်။
မြချင်းစေတန် ကျေးဇူးကြောင့် နှင့် လူစီဖာခရစ် တို့ ဘုရား ၊ တရားသမားလေး ဖြစ်နေပါပြီ။
ဖုန်းချလိုက်ပြီး ဖုန်းကို ဆက်ပိတ်လိုက်လေသည်။
ထို့နောက် အနောက်ဘက်မှ မောင့် ကို ပြန်ကြည့်ချိန်တော့....